Brand New Hiace Commuter (13 Seater)

🙋🏻‍♂️ Hello လူကြီးမင်းတို့ အသစ်လေးပါဗျ 😉

✅ Brand- Toyota
✅ Name – Hiace
✅ Mode – 2019 ( Brand New )
✅ Seater – 13 Passengers ( Maximum )
✅ Seat belt – 3 Points Auto Seat Belt
✅ Air con – Round Air Con
✅ Door – Power Slide Door

𗀠 လူဦးရေ ၈ ယောက် ၉ ယောက် ဖြစ်နေလို့
Alphard ကားနဲ့ မဆန့်လို့ အခက်အခဲဖြစ်နေပါလားခင်ဗျ 𗀉

✅ Alphard ကဲ့သို့လည်း ငြိမ့်ညောင်းပါမယ်…👍
လူဦးရေလည်း မြို့တွင်း ၁၃ ယောက်…🤲🤟
High way ဆို ၁၁ ယောက်လောက်ဆန့်တဲ့ Hiace 2019 Model ( Brand New ) ကားလေးက လမ်းခရီးတစ်လျှောက် ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အဆင်ပြေဆုံး ဖြစ်မှာပါဗျ.. 😌

✅ ခုံများရဲ့ဘေးဘက်မှာ ဖုန်းအားသွင်းဖို့ USB Quick Charger Orignal Port များကလည်း လမ်းခရီးတစ်လျှောက် ဓာတ်ပုံရိုက် internet အသုံးပြုဖို့ အဆင်ပြေစေမှာပါ ခင်ဗျ 📱📷🔋

✅ ညဘက်စာလေးဖတ်ပြီးသွားတက်တဲ့သူတွေအတွက်လည်း တစ်ခုံချင်းဆီ အတွက် လေယာဉ်ပျံများကလိုပဲ စာကြည့်မီးလေးတွေရှိတော့ စာဖတ်ဖို့အတွက် အဆင်အပြေဆုံးပါ ခင်ဗျ 🗞📰🛋💡

✅ လမ်းခရီးတစ်လျှောက် အရေးကြီးဆုံးဖြစ်တဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်လည်း 3 Points Auto Seat Belt များပါဝင်ပါတယ် ခင်ဗျ 💯 3 Points Seat Belt ဆိုတော့ 2 Points Seat Belt များထက် Safety အများကြီးပိုကောင်းပါတယ် Auto seat belt ဖြစ်တဲ့အတွက်လည်းမသုံးတဲ့အချိန်မှာ ခုံပေါ်မှာရှုပ်နေမှာမဟုတ်ပဲနဲ့ လူကြီးမင်းတို့ အမြင်ရှင်းရှင်းနဲ့ ကြည့်လိုက်ရင် သပ်ရပ်နေပါမယ် ခင်ဗျ 👍

✅ အင်ဂျင်ကလည်း ယာဉ်မောင်းခုံအောက်မှာမထားတော့ပဲ Semi Bonnet အမျိုးအစား ရှေ့ Engine ဖြစ်တဲ့အတွက် လမ်းခရီးတစ်လျှောက် အင်ဂျင်သံလုံးဝကြားရမှာ မဟုတ်လို့ ကောင်းမွန်စွာ အိပ်စက်အနားယူသွားနိုင်ပါတယ် ခင်ဗျ 😴😴

✅ 6 Speed Auto Gear Box ဖြစ်သောကြောင့် ကားအထွက်အပြု Gear အချိန်းအပြောင်းညင်သာစွာ ပြောင်းလဲသွားသောကြောင့် လမ်းခရီးတစ်လျှောက် ငြိမ့်ညောင်းစွာဖြင့် စီးနင်းလိုက်ပါနိုင်ပါတယ် ခင်ဗျ 𗀔

✅ ပူပြင်းတဲ့ ကျွန်တော်တို့နိုင်ငံအတွက် Air-con လေက နောက်ဆုံးတန်းတွေထိရပါ့မလားဆိုပြီးလည်း စိတ်မပူပါနဲ့ 𗀽ခုံတိုင်းအတွက် Air-con လေထွက်ပေါက်တစ်ပေါက်စီပါဝင်တဲ့အတွက် လန်းဆန်းအေးမြတဲ့ Air-con လေကို လူတိုင်းရရှိနိုင်မှာ ဖြစ်ပါတယ်ဗျ 🤓

✅ ဒါ့အပြင် ခရီးသည်များနေအပူသက်သာစေရန်အတွက်လည်း မှန်များကို Sticker ကပ်ရာမှာလဲ နိုင်ငံတကာအကောင်းဆုံး Brand ဖြစ်တဲ့ 3M Luxury Film စတေကာများကို ရှေ့လေကာမှန်အကြီးအပါအဝင်သုံးထားပေးတော့ နေ့ခင်းဘက်နေထိုးလို့ အသားတွေစူးခနဲ ပူတာမျိုးကိုလည်း ကာကွယ်ပေးထားပါတယ် ခင်ဗျ 😉

ဒီလို ဒီလို အချက်လေးတွေကြောင့် ခရီးသွားမယ်ဆို အသစ်လေးကိုလဲ စမ်းသုံးကြည့်နိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျ… 🙏🤗

ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုအတွက် Apex မှ အမြဲကြိုးစားလျက်ရှိပါတယ်ခင်ဗျာ… 👉“ Safe & Smart Way for You”👈

Apex Car Rental Service
(Forever Apex Travel & Tour Co., Ltd)
Phone: 📱09-765251550, 09450064909,
095251550
🏠 B-1, Room (702), Aung Zeya Complex,
Corner of Ahlone Street & Strand Road,
Ahlone Township, Yangon.
Website: 💻 www.apexcarrentalservice.com
E-mail: 📮 apexcarrentalservice@gmail.com

Hiace Commuter
Model : 2019
13 Seater
Hiace Commuter
Model : 2019
13 Seater
Hiace Commuter
Model : 2019
13 Seater
Hiace Commuter
Model : 2019
13 Seater
Hiace Commuter
Model : 2019

VIP (2+1) 30 seater

(apex car rental service)



🙋🏻‍♂️ 2+1 VIP မှစီးချင်တယ်ဆိုသူများအတွက် Apex Car Rental မှ လူကြီးမင်းတို့၏ လိုအပ်ချက်များကို ဝန်ဆောင်မှူပေးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းလျှက်ရှိပါတယ် ခင်ဗျ... 🙋🏻‍♀️

🤗 ခရီးလမ်းတစ်လျှောက်သက်တောင့်သက်သာ သွားလာနိုင်ရန်အတွက် 2+1 ကားများ ဝန်ဆောင်မှူပေးရန် အသင့်ရှိနေပါပြီခင်ဗျာ.. 🤠

✅ 2+1 VIP ✅
✅ 30 seater ✅

“ Safe & Smart Way For You “
Apex Car Rental Service
09765251550 , 095251550 , 09450064909
www.apexcarrentalservice.com
#ApexCarRentalService
#2+1


 

အာဆီယံမြို့ပြခရီးစဉ်ဆု ရထားသော ဘားအံမြို့

(apex car rental service)


🏆အာဆီယံမြို့ပြခရီးစဉ်ဆု 🏆 ရထားသော နေရာသို့ အလည်တစ်ခေါက်… 🤓

💁လည်လည်သွားပြီးအကျေနပ်ကြီး ကျေနပ်ခဲ့ရတဲ့ နေရာလေးကို Review လေးရေးပြီး ကြော်ငြာပေးချင်လို့ အားပေးကြမှာလားချစ်တို့… ✍️ 😍

ဒီမြို့လေးကို ရန်ကုန်ကသူတွေတော်တော်များများ ရောက်ဖူးကြပြီးသား ဖြစ်မှာပါ ဒါပေမယ့် Admin ပြောမယ့် ဒီနေရာလေးတွေကို သင်တကယ်စိတ်အေးလက်အေး လည်ခဲ့ပြီးတာ သေချာရဲ့လား 🤷‍♀️𗀥?

Show More

💁 လှေလေးစီးပြီး သဘာဝအလှတွေကို ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရင်း သဘာဝလှိုင်ဂူတွေကို လေ့လာလို့ရတယ်… 🛶🛶🕵️‍♀️

💁 ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Adventures နေရာတွေကို ကျော်ဖြတ်ပြီး ရင်သပ်ရှုမောစိတ်ကျေနပ်စေမယ့်အရာတွေဆီ… ⛰🏞

💁 Jet ski လဲစီးလို့ရသလို ရှုပ်ပြေး Boat တွေစီးရင်း အတွေ့အကြုံသစ်နဲ့ ရင်ခုန်စေမယ့်နေရာ… 🏄‍♀️

💁 တဝေါဝေါရေစီးသံတွေနဲ့အတူ သာယာတဲ့ရှုခင်း ချစ်စရာကောင်းတဲ့လိပ်ပြာလေးတွေနဲ့ ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာ.. 🏖🤳

💁 အပျင်းပြေ Cable ရထားလေးစီးပြီး ဘုရားဖူးလို့ရတဲ့နေရာ 🎡… ဒီနေရာတွေကို သင်တကယ်စုံအောင် ရောက်ဖူးပြီးပြီလား?…

🏆အာဆီယံမြို့ပြခရီးစဉ်ဆု 🏆 တောင် ရထားတဲ့ဒီနေရာကို သင်အချိန်ပေးပြီး သေချာလည်ပတ်နိုင်ခဲ့ရင် အဲဒီ့နေရာလေးကတောင် သင်ပြန်ချင်တော့မှာမဟုတ်တော့ဘူး…🙆 🤩😇

ဒီမြို့လေးကတော့ ကရင်ပြည်နယ် ဘားအံမြို့လေးပါ… တော်တော်များများလဲ ရောက်ဖူးကြပါလိမ့်မယ် ဒါမယ့် တစ်ရက်ခရီးစဉ်တွေနဲ့သာ အသွားများကြတာဖြစ်လို့ အချိန်သိပ်မပေးနိုင်ကြသလို သေချာစုံအောင်လည်ပတ်နိုင်ခဲ့မှာ မဟုတ်ဘူးထင်ပါတယ်… Admin တို့တွေ (၁ ညအိပ် ၂ ရက်) ခရီး သွားခဲ့တာတောင် လည်လို့မဝခဲ့သေးဘူးရယ် တစ်ချို့နေရာတွေတောင် အချိန်မရတော့လို့ မဝင်ခဲ့ရဘူး…😔

ဘားအံမှာလည်စရာတွေ တော်တော်များပါတယ် ဘုရားတွေလဲ တော်တော်စုံစုံလင်လင်ဖူးရသလို ဖူးလိုက်ရတိုင်းလဲ စိတ်ကျေနပ်မှု တစ်စုံတစ်ရာဖြစ်စေတဲ့နေရာလေးပါ😌 … ခရီးဆုံးအထိရောက်အောင်ဖူးခဲ့ဖို့တော့ လိုပါတယ် ဂူတွေထဲမှာ တည်ထားတဲ့ဘုရားတွေမို့ သွားလာရတာ သိပ်မလွယ်ကူပါဘူး… ဒူးမကောင်းတဲ့သူတွေ Adventure မကြိုက်တဲ့သူတွေအဖို့တော့ ဂူအဆုံးထိ သွားဖူးဖို့ရာ သိပ်အဆင်မပြေနိုင်ပါဘူး ဒါမယ့် တကယ့်အလှတွေက ဂူတွေထဲ ဖြတ်သွားရင်းတွေ့နိုင်သလို ဂူအဆုံးရောက်ရင် အမောပြေစေတဲ့အထိ ရှိနေတာဆိုတော့ တတ်နိုင်သလောက်တော့ အားမလျော့ပဲ ခရီးဆုံးထိ ရောက်အောင်သွားဖူးကြစေချင်ပါတယ်…

☝️👆(၁ ညအိပ် ၂ ရက်) ခရီးမှာ ဘားအံက ရောက်ခဲ့တဲ့နေရာတွေ…✍️🤠

✅ ကော့ဂွန်းဂူ ✅
ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များနဲ့ ကော့ဂွန်းဂူရဲ့ အနုပညာမြောက်တဲ့ တောင်နံရံကပျူခေတ်နံရံအုပ်ခွက်ဘုရားလက်ရာတွေက သပ္ပါယ်စရာကောင်းလွန်းပါတယ်… မျောက်လေးတွေ အစာကျွေးလို့ရသလို စိတ်ပါရင် တောင်ထိပ်ကိုတပ်တဲ့လှေကားရှိလို့ ဘားအံအလှကို တောင်ပေါ်တက်ကြည့်လို့ရသေးတယ်ရှင့်… 𗀤 ကော့ဂွန်းနဲ့ ရသေ့ပျံဂူက သိပ်မဝေးတော့ တခါတည်းဖူးလိုက်ရင် အချိန်ကုန်သက်သာပါတယ်…

✅ ရသေ့ပျံဂူ ✅
ရသေ့ပျံဂူကတော့ ဘားအံမှာ Admin အကြိုက်ဆုံးနေရာလေးပါ… ဂူထဲဝင်ဘုရားဖူးပြီးရင် ဂူထဲဖောက်ထားတဲ့ လမ်းလေးအတိုင်းသာ လျှောက်ခဲ့ ၁၅ မိနစ်လောက်တော့ လျှောက်ရလိမ့်မယ် ဆင်းလိုက်တက်လိုက် သွားရတာမို့ နည်းနည်းပင်ပန်းပေမယ့် အထွက်ဘက် အပေါက်ရောက်ရင်တော့ ရူခင်းတွေကြောင့် အမောပြေသွားမယ်လို့ အာမခံတယ်နော်… ရူခင်းတွေတွေ့လို့ ကျေနပ်ပြီး မရပ်ပလိုက်နဲ့ဦး တံတားနီလေးရှိသေးတယ် အသည်းတယားယားနဲ့ဆက်လျှောက်ခဲ့လိုက်ဦး (သတိတော့ထားလျှောက်နော် ရေစပ်စပ်နဲ့ချော်လဲမှာစိုးလို့) အဆုံးမှာ သပ္ပါယ်စရာတည်ထားတဲ့ ဘုရားဆင်းတုတော်နဲ့ အရမ်းလှတဲ့ ရူခင်းတွေထပ်တွေ့ရဦးမှာ…

🤩 ရသေ့ပျံဂူမှာ ကရင်ကြီးတွေနောက်ထပ်လုပ်ထားတဲ့ ဆွဲဆောင်မှုလေးတစ်ခုထပ်ရှိသေးတယ်… 🛶 လှေကလေးစီးပြီး သဘာဝကျောက်လှိုင်ဂူတွေထဲ ဝင်လေ့လာလို့ရတယ် လှေတစ်စီးကို ၅၀၀ဝိ/- (၅) ယောက်စီးလို့ရပြီး နာရီဝက်အချိန်ပေးနိုင်မယ်ဆိုရင် စမ်းကြည့်သင့်ပါတယ် ကရင်ဦးလေးကြီးတွေ ကိုယ်တိုင်လှော်ပြီး လိုက်ပို့ပေးတာမို့လို့ တောတောင်တွေကြား လှေလေးစီး ဂူထဲဝင်တိတ်တိတ်ဆိတ်ဆိတ်နဲ့သဘာဝအလှကိုခံစား မှောင်နေတဲ့ဂူကြီးထဲ ဓါတ်မီးလေးထိုးပြီး ကျောက်စက်ပန်းဆွဲတွေကိုလေ့လာ တစ်ကယ့် feel ပဲ လှေပေါ်ကနေတောင်ပြန်မဆင်းချင်တော့ဘူး… 😊

✅ ဘုရင့်ညီဂူ ✅
ဘုရင့်ညီဂူကတော့ ဘားအံအဝင်စနေရာမှာရှိတော့ အသွားမှာပဲအရင်ဖူးဖူး အပြန်ကျမှပဲ နောက်ဆုံးဝင်ဖူးဖူးအဆင်ပြေပါတယ်… ဘုရင့်ညီဂူမှာတော့ သဘာဝရေပူစမ်းရှိတယ် ယောက်ကျားလေးတစ်ကန် မိန်းကလေးတစ်ကန်လုပ်ပေးထားတာမို့ ဝါသနာပါရင် ဝင်စိမ်လို့ရတယ်ရှင့်… Admin ကတော့ လူအုပ်ကိုကြည့်ပြီး ရှိန်သွားလို့ ဝင်မစိမ်ဖြစ်ခဲ့ဘူး… တောင်ပေါ်ကိုတက်ပြီး ဂူထဲဝင်ဖူးရတဲ့ဘုရားမို့ တောင်ပေါ်ကမြင်ရတဲ့ ဘားအံရဲ့ နောက်ရှုထောင့်တစ်ခုက လှနေပြန်ရော…

✅ ကော့ကသောင်ဂူ ✅
သင်္ဃာငားရာဆွမ်းခံကြွချီလာတဲ့ပုံ ထုဆစ်ထားတာတွေက အသက်ဝင်လွန်းပြီး အလွန်သပ္ပါယ်ဖို့ကောင်းပါတယ်… ကော့ကသောင်ဂူကိုရှေ့ဆက်သွားလိုက်ရင် စိတ်ပါရင် ရေဆင်းကူးလို့ရတဲ့ စိတ္တသုခရေကူးကန်လဲ ရှိသေးတယ်နော် 𗀞

✅ ဆန္ဒန်ဂူ ✅
ဘားအံရောက်ရင် မသွားမဖြစ်သွားကြတဲ့ ဂူ(၅) ဂူထဲက ဂူတစ်ဂူပါ ကျောက်စက်ပန်းဆွဲတွေကြောင့် ထင်ရှားတဲနေရာတစ်ခုဖြစ်သလို အသွားကို ခြေလျင်သွားရပြီး အပြန်မှာတော့ လှေဆိပ်ကနေလှေလေးစီးပြီး ပြန်လာလို့ရလို့ ရသနှစ်မျိုးတစ်ပြိုင်တည်းခံစားလို့ရတာပေါ့…

✅ ရွှေရင်မျှော်ဘုရား ✅
နဂါးနဲ့ဖားကြီးရှိတဲ့ဘုရားလို့ လူသိများပါတယ်… သံလွင်မြစ်ကမ်းနံဘေးမှာတည်ထားတဲ့အတွက် ရင်ပြင်တော်ပေါ်ကနေကြည့်ရင် မြစ်အလှနဲ့ ဖားပုတောင်ဘက်ကိုမြင်ရပါတယ် ကိုယ်တွေဘုရားရောက်သွားတာ မိုးချုပ်သွားလို့ အဲဒီ့အလှကိုတော့ သေချာမကြည့်ခဲ့ရဘူး.. ☹️

✅ ကျောက်ကလပ်စေတီတော် ✅
ဘားအံလို့ပြောလိုက်တာနဲ့ မျက်လုံးထဲပြေးမြင်မိမယ့် နေရာလေးပေါ့ ကျောက်တုံးတွေထပ်ထားတဲ့ပေါ်မှာတည်ထားပြီး ရေတွေပတ်လည်ဝန်းရံထားလို့ သပ္ပါယ်စရာကောင်းတဲ့ ကျောက်ကလပ်စေတီတော်ပါ…သာမညတောင်ဆရာတော်ဘုရားကြီးရဲ့ ပထမဆုံးအောင်မြေလည်းဖြစ်ပါတယ်… ကျောက်ကလပ်စေတီနားမှာတည်ထားတဲ့ ဘုရားကျောင်းဆောင်ကြီးကလည်း သပ္ပါယ်စရာကောင်းသလို စတုဒိသာလည်းကျွေးတယ်… ဘယ်လိုရက်မှာကျွေးတာလဲတော့ မပြောတတ်ဘူး ကိုယ်တွေသွားတုန်းကတော့ သတ်သတ်လွတ်စတုဒိသာမှာ လူတွေစည်ကားနေရောပဲ.. 😋

✅ ဇွဲကပင်တောင်နှင့် လုမ္ပနီဥယျာဉ် ✅
ဇွဲကပင်တောင်ခြေမှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွါးတော် (၁၀၀၀) တည်ရှိရာ လုမ္ပနီဥယျာဉ်က ကြည်ညိုဖွယ်ကောင်းသလို နောင်အမြဲတည်တန့်နေစေဖို့ ဆက်လက်ထိန်းသိမ်းသင့်တဲ့နေရာပါ 🙇🙇‍♀️… ဇွဲကပင်တောင်ခြေမှာ အပျင်းပြေ Cable Car လဲ စီးလို့ရသေးတယ် တစ်ယောက်မှ စီးခ (၁၀၀၀) တည်းရယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော့ 😊… တောင်ပေါ်ထိတက်လို့ရအောင်လဲ Cable Car Project လုပ်နေပြီဆိုတော့ နောက်ဆိုခြေထောက်မညောင်းတော့ဘူးပေါ့.. ဇွဲကပင်တောင်ပေါ်ခြေလျင်တက်မယ်ဆိုရင်တော့ အတက်အဆင်းကို (၃ နာရီ) လောက်အချိန်ပေးရမယ်ရှင့်…

✅ ကျုံထော်ရေတံခွန် ✅
ဘားအံရဲ့နာမည်ကြီးနေရာတစ်ခုပါ… သွားရတာဝေးလို့အချိန်ပေးရသလို ရောက်ရင်ကျေနပ်ပြီး ပျော်သွားစေမှာပါ.. ရေဆော့လို့ကောင်းသလို ဓါတ်ဖမ်းလို့လဲကောင်းတာသိပြီးဖြစ်ကြမှာပါ.. ဘားအံမြို့ကနေအသွားအပြန် နေ့တစ်ဝက်လောက်အချိန်ကုန်ပါတယ် လမ်းနည်းနည်းကြမ်းလို့ မောင်းချိန်ကတော့ အသွား ၁ နာရီခွဲ အပြန် ၁ နာရီခွဲ လောက်အချိန်ပေးရပါတယ်… အချိန်ပေးပြီးလည်နိုင်မှသွားသင့်တယ်လို့အကြံပေးချင်ပါတယ်…

✅ ချစ်သူ့မြိုင် ✅
ဘားအံရဲ့နောက်ထပ်နာမည်ကြီး နေရာတစ်ခုပါ…👍 ဝင်ပြီးရင် ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်တဲ့နေရာမလို့ အချိန်တော်တော်ပေးနိုင်မှ သွားရတာတန်မှာပါ အချိန်လဲပေးသင့်ပါတယ် Jet Ski လေးစီး ရှပ်ပြေး Boat လေးစီး Game City မှာ Game ဝင်ဆော့ ပန်းတွေကြားထဲ ဓါတ်ပုံရိုက် စိတ်ပါရင်သေနတ်ပစ်တမ်းတောင်ဆော့လို့ရသေးတယ် ပြောရရင် ရန်ကုန်က ပြည်သူ့ရင်ပြင်နဲ့တောင် အကွာကြီးကွာပြီး အပန်းဖြေဖို့ရွေးချယ်စရာများတဲ့နေရာလေးပါ… ရူခင်းတွေလဲလှသလို Jet Ski တစ်ခါစီး တစ်ယောက် (၅၀၀၀)ကျပ်နဲ့ လေးပတ်တောင် တစ်မုန်းပတ်ပေးသေးတာ (စီးတဲ့သူတွေမူးနေရောပဲ 😂) အရမ်းတန်ပါတယ်နော် … စားသောက်ဆိုင်လေးကလဲ ချစ်ဖို့ကောင်းသလို အရသာလဲရှိ ဈေးလဲတန်လို့ နေ့လည်စာ (သို့) ညစာစားဖို့ ရွေးချယ်သင့်တဲ့နေရာလေးလို့ အကြံပေးပါတယ်နော်… 👍

ဒီနေရာတွေအပြင် ဘားအံမှာလည်စရာနေရာတွေကျန်ပါသေးတယ် ကိုယ်တွေက (၂) ရက်ပဲအချိန်ပေးနိုင်လို့ ဒီလောက်ပဲရောက်ခဲ့ရတာ…
✅ ဘားအံရဲ့နာမည်ကြီး တောင်ဝိုင်းတောင်
✅ လက္ခဏရွာ
✅ တလခုံရွာ လည်စရာတွေကျန်သေးတယ်နော်…

🏩 ဘားအံက ဟိုတယ်တွေ 🏩
💁 ဘားအံဟိုတယ်အများစုက Early Check-in မပေးပါဘူး… Early Check-in ဝင်ချင်ရင် နေ့တစ်ဝက်စာပေးရပါတယ်…

👉 Hotel Zwekabin နဲ့ Thiri Hotel တွေကတော့ တောင်ကြီးကို နောက်ခံထားပြီးဆောက်ထားတာမို့ View ကတော့ရှယ်ပါ… 👍

👉 Keinnara Hpa-an Resort ကတော့ ဘားအံမှာဈေးအကြီးဆုံးနဲ့ ရှယ် Review တွေနဲ့ နာမည်ကြီးတဲ့ဟိုတယ်ပါ… Sky Dome လေးက တည်းချင်စရာလေးပေးမယ့် ကိုယ်တွေကတော့ မတည်းနိုင်သေးဘူးရယ် 😔.. လျှောက်သွားပြီးလည်ချင်တာဆိုတော့ ဟိုတယ်မှာပဲမနေနိုင်တော့ မတန်ဘူးလေနော့..😜 (ရသေ့စိတ်ဖြေအတွေး 😂 )

👉 မြို့ထဲမှာတည်းချင်တဲ့သူတွေအတွက်ကတော့ Hotel Gabana, Hotel Glory, Hotel United တို့ရှိပါတယ်…

👉 ကိုယ်တွေကတော့ Promotion လဲရှိ Early Check-in လဲရ ရေကူးကန်လဲရှိတဲ့ Hpa-an Breeze Hotel ကိုရွေးဖြစ်တယ် Landscaping နဲ့မနက်စာလေးကလွဲလို့ ကျန်တာအဆင်ပြေတဲ့ဟိုတယ်လေးပါ…👍 ကျုံထော်သွားတဲ့လမ်းဘက်မှာရှိပြီး ဘန်ဂလိုလေးတွေနဲ့ အခန်းကလဲကျယ်ပါတယ် ရေပူရေအေးလဲရပြီး ရေကူးကန်က Jacuzzi တောင်ပါသေး…(၂) ယောက်ခန်းတစ်ခန်းကို Ks 40,000 ပဲကျတယ် Promotion ရှိလို့… 🤓🤗

လည်စရာတွေများတဲ့ ကရင်ပြည်နယ်ကို နေ့ချင်းပြန်ခရီးလေးပဲသွားပြီး ကျေနပ်မနေပါနဲ့ဦး လည်စရာနေရာတွေကျန်နေဦးမှာဆိုတော့ အချိန်လေးပေးပြီးသေချာသွားကြည့်ပါဦးလို့ Admin တိုက်တွန်းပါတယ်နော်…

လည်လည်သွားရင် Admin တို့ဆီက ကားလေးတွေ ကားကြီးတွေသုံးလို့ရတယ်ဆိုတာမေ့ရဘူးနော် 😜… ကားနဲ့ပတ်သက်တဲ့စရိတ်အပြီးအစီးတွေနဲ့ ကားခလေးတွေဖော်ပြပေးလိုက်မယ်နော်

ဘားအံ (၁ ညအိပ် ၂ ရက်) ခရီးစဉ်အတွက်ပါ… (ကျုံထော်ရေတံခွန်ဘက်သွားတာမပါပါဘူး)
💰 45 seater (Tour Grade) : Ks 800,000
💰 33 seater (Tour Grade) : Ks 650,000
💰 29 seater (Tour Grade) : Ks 600,000
💰 14 seater Hiace Commuter: Ks 350,000
💰 10 seater VIP seat Hiace Commuter: Ks 380,000
💰 6-7 seater Alphard : Ks 350,000
💰 7 seater Super Custom: Ks 290,000
💰 3 seater Crown Deluxe Saloon: Ks 300,000
💰 3 seater Mark II Golden Fish: Ks 280,000
💰 3 seater Belta Eco Saloon: Ks 250,000

ကား ဆီ ဒရိုင်ဘာ (နေစရိတ်၊ စားစရိတ်ပါအပြီး) လမ်းတံတားကြေးအပြီးအစီးဈေးနှုန်းတွေပါရှင့်… ပိတ်ရက်ဆက်ရှည်တဲ့ ရက်ကြပ်တွေမှာတော့ ဈေးအပြောင်းအလဲရှိပါတယ်ရှင့်.. ဟိုတယ် Booking Service လဲ ဝန်ဆောင်မှုပေးလို့ One Stop ပြီးချင်သော လူကြီးမင်းများ ဖုန်းလေးသာဆက်လိုက်ပါနော် ထိုင်ရကထစရာမလိုပဲ ခရီးသွားဖို့ကားလေး သင့်ဆီရောက်လာမှာပါနော်…

😇 Apex နဲ့သာဆိုရင် 😇

👉 သီးသန့်လဲဖြစ်မယ်… 👨‍👩‍👧‍👦👬👫👭

👉 ကိုယ့်Trip Plan … ကိုယ့် Schedule နဲ့ကိုယ်… ကိုယ့်စိတ်ကြိုက် လည်ပတ်လို့ရမယ်… 🤴👰

👉 ဘယ်အချိန်ဘယ်အရောက်သွားရမှာတို့ ဘယ်အချိန်ဘယ်အရောက်ထမင်းစားနားရမှာတို့ ဘယ်ဘုရားပဲပို့ပေးမှာတို့ဆိုတဲ့ ကန့်သတ်ချက်တွေမရှိပဲ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ခရီးထွက်ခြင်းအနုပညာနဲ့ အရသာ ကိုအပြည့်အဝခံစားကြမယ်… 🧘‍♀️🧘‍♂️🚵🧗‍♀️🚣

👉 ဘယ် Hotel တည်းရမလဲ? အခန်းမှရပါ့မလား? Hotel Booking တင်ရမှာ! Payment တွေသွားချေပေးရမှာ ပျင်းတယ်… မပူပါနဲ့ ချစ်တို့ကို ကူညီပေးမယ့် Apex ရှိပါတယ်… စိတ်ချလက်ချသာ ခရီးသွားဖို့ပြင်လိုက်ပါနော်…

Apex Car Rental Service
(Forever Apex Travel & Tour Co., Ltd)
👉“ Safe & Smart Way for You”👈
Phone: 📱09-765251550, 09450064909, 095251550
📝 B-1, Room (702), Aung Zeya Complex,
Corner of Ahlone Street & Strand Road,
Ahlone Township, Yangon.
Website: 💻 www.apexcarrentalservice.com
E-mail: 📮 apexcarrentalservice@gmail.com


 

Scania SKS coach (44 seater)

(apex car rental service)


လူကြီးမင်းတို့၏ လမ်းခရီးတစ်လျှောက်
စမတ်ကျကျနှင့် အန္တရယ်ကင်းကင်းခရီးသွားနိုင်စေရန်အတွက် 🚌 ကားတစ်စီး၏ safety လုံခြုံရေးစနစ် ကောင်းမွန်မြင့်မားသောနည်းပညာများ ၊
သက်တောင့်သက်သာဖြစ်စေရန် တည်ဆောက်ထားသော အောက်ပိုင်းစနစ်များနှင့် Luxury ဆန်သောအတွင်းခန်းများရှိသော 👍… Scania SKS coach 44 seater ကားများဖြင့် ဝန်ဆောင်မှူပေးနိုင်ရန်အတွက် ကျွန်တော်တို့ Apex Car Rental Service မှ ကားများ အဆင့်မြှင့်တင်ထားပါတယ် ခင်ဗျ🤓😊

လူကြီးမင်းတို့၏ ကျေးဇူးအားတုံ့ပြန်နိုင်ရန်အတွက် 
ကျွန်တော်တို့ Apex Car Rental Service မှ ကောင်းမွန်သော မော်တော်ယာဉ်များ , ဝန်ဆောင်မှူများ နှင့် လမ်းကြောင်းကျွမ်းကျင်ပြီး ဝန်ဆောင်မှူကောင်းသော ယာဉ်မောင်း 👨‍✈️များဖြင့် ခရီးစဉ်တစ်လျှောက် စိတ်ချမ်းမြေ့စေရန် အမြဲကြိုးစားနေပါတယ် ခင်ဗျ… 🙇🏻‍♂️🙇🏻‍♀️

“ Safe & Smart Way For You “
Apex Car Rental Service
09765251550 , 095251550 , 09450064909
www.apexcarrentalservice.com
#apexcarrentalservice
#scania


 

Breaking News 

(apex car rental service)


💥💁 ချစ်သော Customer များအတွက် ခရီးတစ်ခုကို သွားမယ်လို့စဉ်းစားလိုက်ရုံနဲ့ အရာရာအသင့်ဖြစ်နေစေဖို့ ရည်ရွယ်ပြီး Admin တို့ Apex Car Rental Service က Trip Plan ကို Advice လုပ်ပေးတဲ့အပြင်ခုဆို 🔥Hotel Reservation Service 🔥ပါ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင့် 🙆

😇 Apex နဲ့သာဆိုရင် 😇

👉 သီးသန့်လဲဖြစ်မယ်… 👨‍👩‍👧‍👦👬👫👭

👉 ကိုယ့်Trip Plan … ကိုယ့် Schedule နဲ့ကိုယ်… ကိုယ့်စိတ်ကြိုက် လည်ပတ်လို့ရမယ်… 🤴👰

👉 ဘယ်အချိန်ဘယ်အရောက်သွားရမှာတို့ ဘယ်အချိန်ဘယ်အရောက်ထမင်းစားနားရမှာတို့ ဘယ်ဘုရားပဲပို့ပေးမှာတို့ဆိုတဲ့ ကန့်သတ်ချက်တွေမရှိပဲ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ခရီးထွက်ခြင်းအနုပညာနဲ့ အရသာ ကိုအပြည့်အဝခံစားကြမယ်… 🧘‍♀️🧘‍♂️🚵🧗‍♀️🚣

👉 ဘယ်မြို့ကိုသွားရင် ဘယ် Hotel တည်းရမလဲ? အခန်းမှရပါ့မလား? Hotel Booking တင်ရမှာ! Payment တွေသွားချေပေးရမှာ ပျင်းတယ်… မပူပါနဲ့ ချစ်တို့ကို ကူညီပေးမယ့် Apex ရှိပါတယ်…

Show More

👨‍✈️ ဘယ်လိုယာဉ်မောင်းမျိုးနဲ့သွားချင်သေးလဲ? 👨‍✈️

👉 Foreigner Boss အတွက်စီစဉ်ပေးဖို့လား? … မပူပါနဲ့ Apex က ကိုယ့်ယာဉ်မောင်းဆရာတွေက ကိုယ့်ထက်တောင် English ကောင်းနေမလားပဲ 😂 .. ချစ်တို့ရဲ့ Boss သွားချင်တဲ့နေရာတွေစုံအောင် ပို့ပေးနိုင်မှာပါ…

👉 အသက်ကြီးနေတဲ့ မိဘတွေကို ဘုရားဖူးလိုက်ပို့မှာမို့ လမ်းခရီးမှာ ခဏခဏနားရမှာမျိုးကြုံနိုင်တာမို့ စိတ်ရှည်တဲ့ယာဉ်မောင်းနဲ့မှ သွားချင်တာလား?

👉 လူငယ်တွေချည်းပဲသွားကြမှာမို့ ပေါ့ပေါ့ပါးပါး ခင်ခင်မင်မင်နေတတ်တဲ့ယာဉ်မောင်းစီစဉ်ပေးရမှာလား?

👉 နေရာအသစ်အဆန်းတွေသွားချင်သေးတာမို့ လမ်းကိုစပါယ်ရှယ်ကျွမ်းကျင်တဲ့ ယာဉ်မောင်းမျိုးသုံးချင်တာလား?

Apex က ကိုယ့်ဆရာတွေရဲ့ Popular ဖြစ်ချက်ကတော့ မနာလိုစရာကောင်းလောက်အောင် Review မှာဆို သူတို့တွေက မင်းသားပဲလေ.. ကိုယ်တွေတောင်ချောင်ကပ်နေရတာ.. 😏😁

ကဲ အဲဒီ့တော့ အမြဲအားပေးနေကြတဲ့ အသဲတုံးချစ်တို့က ခရီးသွားလို့ကောင်းတဲ့ ရာသီလေးမှာ… စိတ်အေးလက်အေးသာ ခရီးထွက်ဖို့ပဲ စဉ်းစားပါတော့နော်… သွားမယ်ဆ်ုရင်လဲ Apex ကိုသတိရပေးပါဦးလို့စ်.. 🤠😎🤗

🤩 Admin သိသလောက်တော့ October မှာ တချို့ Hotel တွေ Promotion တွေချထားပေးသေးတာမို့ အမြန်သာ ဒိုးဖို့စီစဉ်လိုက်တော့ ချစ်တို့ရေ…လောလောဆယ်တော့ Admin တင်ပေးထားတဲ့ အရမ်းလှတဲ့ ကိုယ့်နိုင်ငံရဲ့အလှတွေကို ခံစားပြီး Travel Mood on ဖြစ်အောင် ဆေးထိုးလိုက်ပြစေ .. 😂😘😍

🙇‍♀️ ပျော်စရာအမှတ်တရခရီးစဉ်များစွာ ပိုင်ဆိုင်နိုင်ပါစေရှင့် 🙋🙋‍♂️

Apex Car Rental Service
(Forever Apex Co.,Ltd)
“ Safe & Smart Way for You”
Phone: 09-765251550, 09450064909, 095251550
B-1, Room (702), Aung Zeya Complex,
Corner of Ahlone Street & Strand Road,
Ahlone Township, Yangon.
Website: www.apexcarrentalservice.com
E-mail: apexcarrentalservice@gmail.com


 

Higer / Yutong – 45 / 33 seater

(apex car rental service)


Apex Car Rental Service မှ Travel & Tour များ ၊ အသင်းအဖွဲ့များ နှင့် Company Group Tour များအတွက် Higer / Yutong – 45 / 33 seater များဖြင့် ဝန်ဆောင်မှူပေးရန် အသင့်ရှိနေပါတယ်ခင်ဗျ…

လူကြီးမင်းတို့၏ ခရီးစဉ်တစ်လျှောက် စိတ်ချမ်းမြေ့ပျော်ရွှင်စွာခရီးသွားလာနိုင်စေရန် ကျွန်တော်တို့ ကား Rental Service ကို အမြန်ဆုံးဆက်သွယ်လိုက်ပါနော်👌👌

Ready to go trip 💃🕺🚌🛫🚂

We are ready to give the best service for our valuable clients ❤️❤️❤️

“ Safe & Smart Way For You “
Apex Car Rental Service
09765251550 , 095251550 , 09450064909
www.apexcarrentalservice.com
#apexcarrentalservice


 

(apex car rental service)


Activities of the Apex
Toyota Crown and Two Hiace VIP 10 seater cars together working at the hmawbi
Thank …. our valuable client

“ Safe & Smart Way For You “
Apex Car Rental Service
09765251550 , 095251550 , 09450064909
www.apexcarrentalservice.com
#apexcarrentalservice


 

အေးချမ်းသာယာတဲ့မြို့လေးတွေဆီ အလည်သွားကြမလား

(apex car rental service)


💙 ချစ်တို့ရေ မင်္ဂလာပါ 💙

🌦 မိုးရာသီလဲကုန်တော့မယ်.. 🌤 ပွင့်လင်းရာသီလဲ ရောက်တော့မှာဆိုတော့ ဟိုတယ်ဘိုကင်တွေအရမ်းမကျပ်ခင်…. ကားခလေးတွေလဲ ဈေးမတက်ခင်လေး အေးချမ်းသာယာတဲ့မြို့လေးတွေဆီ အလည်သွားကြမလား… 🍁 ၀ါထွက်ရင်စီစဉ်စရာတွေများပြီး အလုပ်ရှုပ်တော့မယ့် ကိုကိုမမတွေအတွက် ဒီလိုအချိန်က ခရီးထွက်ဖို့ အကောင်းဆုံးပါ 💏… (မင်္ဂလာပွဲအတွက်အလုပ်မရှုပ်ခင် နှစ်ယောက်သားရင်းနှီးမှု၊ နားလည်မှုပိုရအောင်…. 👩‍💻 Company က အလုပ်တစ်ဖက်နှင့်ကိုကိုမမတို့လဲ နှစ်ဝက်ချုပ်စာရင်းတွေကြားထဲ ခေါင်းမမြှပ်ခင် စာရင်းလေးတွေ စိတ်ကြည်ကြည်လင်လင်ရှင်းနိုင်အောင် ဒီလိုအချိန်ဟာ အနားယူအပန်းဖြေဖို့ရာ အကောင်းဆုံးပဲနော့.. ) 🧚‍♀️🧚‍♂️😌

Show More

🏕 ရှမ်းပြည်ကတော့ တစ်ကယ့်ကိုသာယာတာ…. တောင်ပိုင်းကိုပဲလည်မလား မြောက်ပိုင်းကိုပဲသွားမလား စိမ်းစိုလှတဲ့ တောတောင်တွေနဲ့ဝန်းရံထားတဲ့နေရာတွေမို့ အပန်းဖြေဖို့ကောင်းသလို အချိန်ပေးနိုင်ရင်ပေးနိုင်သလောက်လဲ လည်စရာများတဲ့ နေရာလေးတွေမို့ တစ်နှစ်တာပင်ပန်းထားတဲ့ Stress တွေပြေနိုင်ပြီထင်ပါ့.. 🌹𗀍

ရှမ်းပြည်တောင်ပိုင်းမှာတော့ အေးချမ်းသာယာတဲ့မြို့လေးဖြစ်တဲ့ ကလော (Pineland ထင်းရူးမြေ 🌲🌲)… (Trekking ကြိုက်တဲ့သူတွေအတွက်လဲ ကလောမှာ Trekking လုပ်လို့ရသလို 🧗‍♀️🧗‍♂️Bicycle riding လဲလုပ်လို့ရသေးတယ်🚵🚵‍♀️..)၊ အချိန်ရရင် မိန်းမရဲသခင်မတောင်၊ တောကျယ်ရေတံခွန်၊ မြသပိတ်ရေပြာအိုင်၊ မြင်းမထိလှိုဏ်ဂူတွေအနှံ သွားလည်လို့ရသေးတယ်… ကလောရဲ့နှီးဘုရားကြီးကိုလဲ မမေ့မလျော့ဖူးခဲ့ဦးနော်… 🙇🙇‍♀️ကိုယ်တွေဆိုရောက်တဲ့အရပ်မှာ ကြာကြာလဲမနေနိုင် နေရာစုံအောင်လဲသွားလည်ချင်တဲ့ သူတွေဆိုတော့ ကိုယ့်လို Customer လေးတွေအတွက်လဲ သွားစရာနေရာတွေ ကျန်ခဲ့မှာစိုးလို့ပါ….

ကလောမှာလည် တစ်ညအိပ်ပြီးရင် ဘယ်ကိုသွားကြမလဲ?…

ကလောကအထွက် ပင်းတယလှိုဏ်ဂူကဘုရားတွေဖူးပြီး တောင်ကြီးအရင်တက်မလား?…. အင်းလေးအရင်သွားမလား?… ဘယ်ပဲသွားသွားရောက်ရာအရပ်မှာ တစ်ညတော့ အိပ်ပြီးလည်မှစုံမှာမို့ ကြိုက်တဲ့အရပ်ကိုသာ အရင်သွားပေတော့.. 𗀃𗀠

တောင်ကြီးမှာက သွားစရာ စူဠာမုနိဘုရား၊ ထမ့်စမ်းဂူရှိမယ်၊ မွေတော်ကက္ကူဘုရား၊ တောင်ပေါ်ဘုရားရှိမယ်၊ တောင်ကြီးမြို့မဈေးရှိမယ်… ဈေးကြီးက အစားအသောက်တွေလဲ စုံသလို ပစ္စည်းတွေကလဲ Quality ကောင်းပြီး ဈေးသက်သာလို့ Shopping ထွက်ခဲ့ဖို့တော့မမေ့နဲ့နော်.. တောင်ကြီးမှာက လည်စရာသိပ်မရှိပေမယ့် ထမ့်စမ်းဂူက သွားရတာဝေးလို့ အချိန်ပေးရတာမို့ တစ်ညအိပ်ရတာပါ….

နောက်တစ်နေ့ တောင်ကြီးကပြန်ဆင်း ညောင်ရွှေဘက်ကနေ အင်းလေးကိုဆင်းမလား?.. ခေါင်တိုင်ဘက်ကနေ အင်းလေးကိုဆင်းမလား? 𗀴

ညောင်ရွှေဘက်က သွားမယ်ဆိုရင်တော့ ညောင်ရွှေနားမှာလည်စရာ နောက်ထပ် အင်းသုံးအင်းရှိတယ် Admin တော့မရောက်ဖူးသေးလို့ ဒီနှစ်သွားကြည့်လိုက်ဦးမယ် ပြီးမှပြန်ပြောပြမယ်နော်.. အင်းသုံးအင်းနာမည်က အင်းလေး၊ စကားအင်းနဲ့ ဖယ်ခုံအင်းတို့ပါ.. သူများတွေဖယ်ခုံအင်းသွားထားတဲ့ ပုံလေးတွေမှာတော့ နေရာလေးက အရမ်းသာယာတာမို့ အချိန်ရရင် သွားကြည့်ဖို့တိုက်တွန်းပါတယ်နော်.. 𗀡

ခေါင်တိုင်ဘက်ကသွားမယ်ဆိုရင်တော့ ခေါင်တိုင်ရေပူစမ်းမှာ အပန်းဖြေရေချိုး ထမင်းစားလို့ရပါတယ်…🏖 🛶အင်းထဲရောက်ပြီဆိုရင်တာ့ ထီး၊ မျက်မှန်၊ ပုဝါ၊ ဦးထုပ်တွေနဲ့ အသားမပေါ်အောင်ကာထားပေတော့ နေနဲ့ရေနဲ့လေနဲ့ကြားမှာ မျက်မှန်ရာအကွင်းလိုက်ကလေး ဖြူကျန်ခဲ့တဲ့ ကိုယ့်အဖြစ်လိုမဖြစ်ရလေအောင်ပါ👓👒🧣🎒.. အင်းလေးမှာ ဘယ်တွေသွားကြမလဲ အဓိကကတော့ တန်ခိုးကြီး အင်းလေးဖောင်တော်ဦးစေတီတော်၊ ငွေထည်ဆိုင်၊ ယက်ကန်းစင်၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်သိုင်းကျောင်း (ကြောင်ခုန်ကျောင်း) တို့ သွားလို့ရပါတယ်… အင်းလေးကို လည်လို့ဝသွားပြီး အချိန်တွေလဲပိုနေတယ်ဆိုရင်တော့ ဟဲဟိုးအကျော်မှာရှိတဲ့ ဘ၀သံသရာတံတားကို ၀င်လည်လို့ရသေးတယ်နော်🚇🛤… အချိန်ဘယ်နှစ်ရက်ကုန်မလဲခန့်မှန်းချင်တဲ့ချစ်တို့အတွက်ကတော့ ရှမ်းပြည်တောင်ပိုင်း အစုံလည်မယ်ဆို အနည်းဆုံး ၄ ရက်တော့ အချိန်ပေးရမှာပါ.. ၃ ရက်ပဲအချိန်သုံးချင်တာဆိုရင်တော့ တစ်ချို့နေရာလေးတွေချန်ထားခဲ့မှ ရမှာပါ နို့မို့ အရမ်းပင်ပန်းနေမှာစိုးလို့ပါ.. အပန်းဖြေခရီးဆိုတာ သက်တောင့်သက်သာဖြစ်မှ ပျော်စရာကောင်းတာမလား…𗀤

ဒီခရီးစဉ်လေးကတော့ စိတ်ကြည်နူးပြီး ပျော်ရွှင်ဖို့ကောင်းစေရမယ်လို့ အာမခံပါတယ် 🤓… ကဲ အဲတော့ သွားရမယ့်နေရာတွေလဲ ပြောပြပြီးပြီဆိုတော့ ချစ်တို့ သဲတို့က ဘယ်လိုပုံစံနဲ့သွားချင်လဲကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်…𗀔

Admin တို့ရဲ့ Apex Car Rental Service လေးနဲ့ ဇိမ်ကျကျသွားချင်တယ်ဆိုရင်တော့ ဆီဈေးတွေဘယ်လောက်တက်တက် ဒေါ်လာဈေးတွေဘယ်လောက်အော်ပျံအော်ပျံ ကိုယ်တွေကတော့ မျက်ရည်တွေ ဗူးသီးလုံးလောက်ကျပြီး မျက်နှာလေးဇီးရွက်လောက်ဖြစ်နေရင်တောင် ကိုယ့် Customer တွေအဆင်ပြေအောင် ဈေးတွေအော်ပျံမတောင်းပါဘူးနော်😅… အရမ်းအဆင်ပြေစေမယ့် ဈေးနှုန်းလေးတွေနဲ့ ၀န်ဆောင်မှုပေးနေတာမို့ အခါအခွင့်ကြုံမယ်ဆို သတိရပေးပါနော်… ချစ်သော Customer တွေအတွက် အကောင်းဆုံးသော ၀န်ဆောင်မှု၊ အကောင်းဆုံးသော ယာဉ်မောင်းတွေနဲ့ Service ပေးဖို့ အသင့်စောင့်နေပါတယ်နော်… 😘

𗀘 ချစ်တို့ ဘယ်လိုကားလိုချင်လဲပြော ၄ ယောက်စီးကနေ ၄၅ ယောက်စီးအထိ အပြင် VIP ချစ်တို့ အတွက် Hiace VIP (10 seater) ကားတွေလဲရှိတာမို့ ကြိုက်တဲ့ကားကို စိတ်တိုင်းကျစီစဉ်ပေးမှာပါနော်… နောက်ပြီး Apex က Car Rental Service ပဲဆိုပေမယ့်လဲ Trip Plan မရှိသေးတဲ့သူတွေအတွက်ကိုလဲ Suggestion ပေးပေးတာမို့ အသေးစိတ်သိရှိစုံစမ်းချင်တယ် ဆိုရင်တော့ ဖုန်းလေးသာဆက်လိုက်ပါနော်… 𗀘

Apex Car Rental Service (Forever Apex Co.,Ltd)
“ Safe & Smart Way for You”
📱 09-765251550, 09450064909, 095251550
🏡 B-1, Room (702), Aung Zeya Complex,
Corner of Ahlone Street & Strand Road,
Ahlone Township, Yangon.
Website: www.apexcarrentalservice.com
📬 E-mail: apexcarrentalservice@gmail.com