စွယ်တော်လေးဆူ

(apex car rental service)


        

မိုးတွင်းမှာ အသွားများကြတဲ့ အညာဒေသ ပုဂံခရီးစဉ်လေးကို သူများတွေတင်ထားတဲ့ Review လေးတွေကြည့်ရင်း အပျော်တွေကူးဆက်လာတာနဲ့ ကိုယ့် Page ကိုအားပေးကြတဲ့ သူငယ်ချင်းတို့လဲ လေ့လာလို့ရအောင် ကိုယ်တွေသွားထားတဲ့အတွေ့အကြုံလေးတွေနဲ့ သူများတွေသွားထားတဲ့ Review လေးတွေပေါင်းစပ်ပြီး ပုဂံအလှကိုခံစားရင်း ပုဂံဘုရားတွေဆီ စိတ်မှန်းလေးနဲ့အရင် သွားကြည့်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်ဗျ…

show more

 

#ပုဂံကိုဘာကြောင့် မိုးတွင်းမှာသွားသင့်တာလဲ?
ပုဂံက မိုးနည်းဒေသဖြစ်လို့ မိုးတွင်းဆိုရင်တောင် မိုးသည်းသည်းမည်းမည်းရွာလေ့မရှိပါဘူး။ ဒါကြောင့် မိုးများတဲ့အချိန်သွားရင်တောင် ပုဂံမှာ မိုးအုံပြီးနေလို့ကောင်းတဲ့အခြေအနေလေးမလို့ သွားရလာရတာလဲ နေမပူပဲ သက်တောင့်သက်သာရှိတယ်ခင်ဗျ… ကျွန်တော်တို့ နွေဘက်မှာ ပုဂံကိုတခါဘုရားဖူးထွက်ဖြစ်တော့ အဲဒီအချိန်ရဲ့ ရာသီဥတုကျတော့ အရမ်းပူတယ်ဗျ အပြင်မှာတောင် ကြာကြာမနေနိုင်တော့ E-Bike တို့ Bicycle တို့ဆိုတာ လှည့်တောင်မကြည့်ဖြစ်ခဲ့ဘူး… ကားနဲ့သွားမှ သက်တောင့်သက်သာဖြစ်မှာကိုး… ဒါကြောင့် E-Bike လေးစီးရင်း မြို့ပတ်ချင်ရင်တော့ မိုးတွင်းမှာသွားဖို့ အကြံပြုပါတယ်ဗျ…

#ပုဂံကိုဘာနဲ့သွားကြမလဲ?
ဒါကတော့ သူငယ်ချင်းတို့ လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်လို့ရတယ်ဗျ… လမ်းပန်းဆက်သွယ်ရေးတွေကလဲ ကောင်းနေတော့ အဝေးပြေးကား၊ မြန်မာ့မီးရထား၊ ကိုယ်ပိုင်ကား၊ ကားစင်းလုံးငှားပြီးအဖွဲ့လိုက်သွားမလား ကြိုက်ရာရွေးပြီး သွားနိုင်တယ်ခင်ဗျ… အဝေးပြေးကားနဲ့သွားမယ်ဆိုရင်တော့ အောင်မင်္ဂလာမှာသွားစီးရမယ် ည (၈:၀၀)နာရီထွက်ပြီး ပုဂံကို မနက် (၅:၃၀) ရောက်မယ်၊ မြန်မာ့မီးရထားကတော့ နေတိုင်းထွက်မထွက်တော့ သေချာမသိဘူးဗျ ရန်ကုန်က စထွက်ချိန်ကတော့ ညနေ (၄:၀၀) မှစထွက်ပြီး စုစုပေါင်း (၁၄)နာရီလောက်စီးရတယ်လို့တော့ လေ့လာမိတယ်ဗျ၊ ကိုယ်ပိုင်ကားတွေနဲ့ စင်းလုံးငှားကားတွေရဲ့ မောင်းချိန်ကတော့ (၉)နာရီလောက်ကြာမယ်ဗျ ကိုယ်ကြိုက်တဲ့အချိန် စိတ်ကြိုက်ထွက်လို့ရတဲ့ အားသာချက်လေးရှိတော့ သူငယ်ချင်းတွေနဲ့ ညှိရနှိုင်းရအဆင်ပြေတာပေါ့ဗျာ… ကားစင်းလုံးငှားသွားဖို့ကျတော့ (၂)ယောက် (၃)ယောက်လောက်ပဲရှိတဲ့ အဖွဲ့တွေအတွက်တော့ တွက်ချေသိပ်မကိုက်ပေမယ့် လူများမယ်ဆိုရင်တော့ စရိတ်သိပ်မကွာတော့ပါဘူးဗျ သူငယ်ချင်းတို့လဲ စဉ်းစားလို့ရအောင် အောက်မှာ ကားစင်းလုံးငှားကုန်ကျစရိတ်လေးတွေ တွက်ပေးမယ်ဗျ…

#ပုဂံရောက်ရင် ဘယ်မှာတည်းကြမလဲ?
ပုဂံက Hotel တွေက တစ်ကယ့်ကိုအဆင့်မှီပါတယ်… အခန်းထဲမှာ Hair Dryer, လက်နှိပ်ဓါတ်မီး, ခြင်ဆေးခွေကအစရှိတယ်ဆိုတော့ ကျန်တာကတော့ပြောတော့ဘူးနော်  … အဲဒီတော့ လူကြီးမင်းတို့ ကြိုက်တဲ့ Hotel မှာတည်း Facilities ကတော့ စုံပြီးသားပဲ… Facebook ပေါ်မှာတော့ မနှစ်က ကုဋေအောင်ဟိုတယ်ကနာမည်ကြီးပြီး ဒီနှစ်မှာတော့ ကွမ်းသီးဟိုတယ်က နာမည်ကြီးနေတယ်ဗျ…

#ဘယ်မှာစားကြမလဲ?
ကိုယ်တွေကတော့ ခရီးသွားရင်ဇီဇာကြောင်ချက်က ဈေးသင့်တင့်တဲ့ဟိုတယ်ကောင်းကောင်းမှာတည်းချင်တာနဲ့ ဒေသထွက်စာကောင်းကောင်းစားချင်တာပဲလေ… အဲဒီတော့ကာ စားလို့ကောင်းပြီး နာမည်ကြီးတဲ့ဆိုင်လေးတွေ ပြောပြမယ်ဗျ.. လူကြီးမင်းတော်တော်များများလဲ သိပြီးဖြစ်မှာပါ သရပါ (၃) ထမင်းဆိုင် လူအမြဲများနေတတ်ပြီး ဈေးလဲသင့် စားလို့လဲကောင်းတယ်ပြောကြတယ် ကိုယ်တွေကတော့ မကြုံကြိုက်လို့ မစားဖြစ်ခဲ့ဘူး… ကိုယ်တွေစားဖြစ်ခဲ့တာက မစန်းဝင်းထမင်းဆိုင် အရံဟင်း (၇)မျိုးလောက်ပေးပြီး အရသာလဲမဆိုးဘူးဗျ ဈေးလဲသင့်တယ်.. နောက်နာမည်ကြီးတဲ့ ထမင်းဆိုင်က မျိုးမျိုးထမင်းဆိုင်ဗျ နေရာတွေကတော့ သေချာမပြောပြတတ်လို့ ဟိုတယ်ကို မေးပြီးသာ သွားလိုက်ကြပါဗျ  .. Puppet Show ကြည့်ရင်း Dinner စားချင်တဲ့ မိတ်ဆွေတွေကတော့ Nanda Restaurant မှာ ညစာသုံးဆောင်လို့ရတယ်ဗျ ညတိုင်း (၇)နာရီလောက်ဆိုစတယ်ခင်ဗျ..

#ဘယ်တွေလည်ကြမလဲ?
# ကိုယ်ပိုင်ကား(သို့) ကားစင်းလုံးငှားပြီးသွားမယ့်သူတွေအတွက်ကတော့ အသွားမှာပဲဖြစ်ဖြစ်၊ အပြန်ကျမှပဲဖြစ်ဖြစ် ပုပ္ပါးကို ၀င်ကြတယ် ပုပ္ပါးကပုဂံမရောက်ခင်လမ်းမှာဆိုတော့ ခုလိုသွားတော့အချိန်မပုပ်တော့ဘူးခင်ဗျ။ စက်တင်ဘာလမှာ အဘအောင်မင်းခေါင်ထွက်ပွဲလဲရှိဦးမှာဆိုတော့ ကံပွင့် လာဘ်ပွင့် ဇာတာလေးတွေပွင့်အောင် အဘထွက်ပွဲလေးလဲ ၀င်ဆင်နွဲလို့ရတယ်ဗျ… 
# ပုဂံက တန်ခိုးကြီးဘုရားတွေဖူးကြရင်း Sunset တို့ Sunrise တို့စောင့်ကြည့်ကြရင်း ပုဂံအလှကိုတစိမ့်စိမ့်ခံစားကြမယ်။
# လိုအင်ဆန္ဒတစ်ခုကိုတောင်းဆုပြုရင်း စွယ်တော်လေးဆူဖြစ်တဲ့ တန့်ကြည့်တောင်၊ လောကနန္ဒာ၊ တုရင်တောင်၊ ရွှေစည်းခုံစေတီတို့ကို နေ့လည် (၁၂)နာရီမတိုင်ခင် ပြီးအောင်ဖူးကြမယ်။ (တန့်ကြည့်တောင်ဘက်သွားမယ်ဆိုရင်တော့ စက်လှေတွေ ကားတွေထပ်ငှားရတယ်ဗျ မနက်စောစောအိပ်ရာထနိုင်ဖို့လဲ လိုလိမ့်မယ်ဗျ )
# ကိုယ်တွေဆီက ပန်းချီပညာရှင်တွေရဲ့ ရေဆေးပန်းချီလက်ရာဘယ်လောက် အနုပညာမြောက်ကြောင်းလေး သိရအောင် ရေဆေးကနုတ်ပန်းချီလေးတွေ လက်မှာအလှထိုးခဲ့ဖို့မမေ့နဲ့နော်…
# နေသိပ်မပူဘူးဆိုရင် ဟိုတယ်ကနေ E-Bike လေးငှားပြီး မြို့ပတ်ကြည့်လို့လဲ ရသေးတယ်ဗျ… နေကာမျက်မှန်၊ ရေဗူး၊ Sun Block တွေလိမ်းသွား၊ ယူသွားဖို့တော့လိုမယ်ဗျ… … E-Bike ငှားခကတော့ မနက် (၈)နာရီကနေ ည(၈)နာရီထိကို Ks 7,000~ Ks 8,000 လောက်ကျတယ် (၂ ယောက်)စီးလို့ရတယ်ခင်ဗျ..

# မရောက်ဘူးသေးတဲ့ လူကြီးမင်းတို့အတွက်ရည်ရွယ်လို့ ကြည်ညိုစရာကောင်းလှတဲ့ ပုဂံဘုရားပုံတွေအောက်မှာ အညွှန်းလေးတွေ ရေးပေးထားမယ်ဗျ…

#ApexCarRentalService 
(Contact: 095251550, 09765251550, 09450064909,)
” Safe & Smart Way for You ”
ဒီ Post တင်ထားလို့ ကျွန်တော်တို့ရဲ့ကားတွေစင်းလုံးငှားသွားမှမဟုတ်ပါဘူးဗျ…ကျွန်တော်တို့ရဲ့ Apex Car Rental Page ကို Like လုပ်ထားတဲ့ ပရိတ်သတ်ကြီး ကြော်ငြာတွေဖတ်ပေးရတဲ့အချိန်တွေ အလကားမဖြစ်အောင် အသုံးဝင်တဲ့ Information လေးတွေကို ဖြန့်ဝေပေးချင်သေးတာက Apex ရဲ့စေတနာပါခင်ဗျ..

ကဲ… လူကြီးမင်းတို့အတွက် ခရီးစဉ်လေးတွေပြောပြပြီးသွားပြီဆိုတော့ ကားစင်းလုံးငှားရင်ကုန်ကျမယ့်စရိတ်နဲ့ ကိုယ့်အစီအစဉ်နဲ့သွားရင် ကုန်ကျမယ့်စရိတ်လေးကိုတွက်ပေးမယ်နော့… ဒါကလဲအရေးကြီးတယ်ဟုတ်.. ကိုယ်တွေလဲ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ဘယ်လောက်ကုန်မလဲဆိုတာကို အသေအကြေတွက်ချက်ပြီးမှ သွားကြတာဆိုတော့ ကိုယ်ချင်းစာတယ်လေ… Transportation Only ကိုပဲ Compare လုပ်ပေးမယ်နော်ဗျ..

သူငယ်ချင်း ၁၂ ဦးအတွက် (၂)ညအိပ် (၃)ရက်ခရီးစဉ်အနေနဲ့တွက်မယ်ဆိုရင်
အဝေးပြေးကားလက်မှတ်ခအသွားအပြန် Ks 22,000 x 12 Persons = Ks 264,000
ဟိုတယ်ကနေ ကားငှားမယ်ဆိုရင် Crown Deluxe Saloon ကို တစ်ရက် Ks 40,000 ပေးရတယ်ဗျ (၂)ရက်လည်မယ် တစ်စီးကို (၄) ယောက်စီးလို့ရမယ်ဆိုတော့ စုစုပေါင်း Ks 40,000 x 3 Nos x 2 Days = Ks 240,000
Total Transportation Fees = Ks 504,000 ကျမယ်ဗျ

သူငယ်ချင်းတို့ ကားစင်းလုံးငှားသွားမယ်ဆိုရင် Hiace Anzartone တစ်စီးကို ၁၄ ယောက်ထိစီးလို့ရတယ်ဗျ.. ဒါပေမယ့် ကျွန်တော်တို့ကတော့ အများဆုံး (၁၂)ယောက်ပဲ စီးဖို့အကြံပြုချင်တယ် ဘာလို့လဲဆိုတော့ လူအပြည့် ပစ္စည်းအပြည့်ဆိုရင် ထိုင်ရတာ သက်တောင့်သက်သာမဖြစ်မှာစိုးလို့ပါခင်ဗျ နောက်ဆုံးခုံ (၂)ခုံကိုခေါက်ပြီး ပစ္စည်းတင်လိုက်ရင်တော့ ၁၂ ယောက်က ချောင်ချောင်ချိချိထိုင်လို့ရတယ်ဗျ အထုပ်တွေလဲမရှုပ်တော့ဘူးပေါ့.. ကျွန်တော်တို့ Hiace Anzartone နဲ့သွားမယ်ဆိုရင် ဆီ၊ ဒရိုင်ဘာနေစရိတ်၊ စားစရိတ်၊ လမ်းတံတားကြေး အပြီးအစီး ပုဂံ-ညောင်ဦး-ပုပ္ပါးခရီးစဉ် (၂ညအိပ် ၃ ရက်) ကို ပုံမှန်ဈေး Ks 530,000 ယူတယ်ဗျ… (မိုးတွင်းကာလတွေမှာဆို Discount တွေလဲရှိသေးတယ်ဗျ)

အဲဒီတော့လူကြီးမင်းတို့ကိုယ်တိုင်စီစဉ်ပြီးသွားရင် Transportation Fees Ks 504,000 ကုန်မယ်၊ တစ်နေရာရောက်ရင် တစ်ခါကားငှားရတဲ့ ဒုက္ခရှိမယ်၊ ကားစင်းလုံးငှားပြီးသွားလိုက်ရင်တော့ အထုပ်တွေချ အထုပ်တွေတင်ရတဲ့အလုပ်တွေ မရှုပ်တော့ပဲ Ks 530,000 ပဲ အပြီးအစီးကုန်ကျမှာဆိုတော့ ဘယ်လိုသဘောရလဲဗျ…

ကျွန်တော်တို့ဝန်ဆောင်မှုပေးမှာက ကားစင်းလုံးငှားဆိုတော့ လူကြီးမင်းတို့ကိုယ်ပိုင်ကားနဲ့သွားရသလို စိတ်ကျေနပ်စေမယ့်အပြင်၊ ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ ကားပေါ်မှာ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားလုပ်ပြီးသွားလို့လဲ မျက်စောင်းထိုးမယ့်သူမရှိဘူးဆိုတော့ စိတ်တိုင်းကျ ကဲလို့ရပြီဗျ… ကျွန်တော်တို့ကားဆရာကြီးတွေကလည်း လူကြီးမင်းတို့ စိတ်တိုင်းကျ လိုက်ပို့ပေးဦးမှာဆိုတော့ ဘာလိုသေးလဲဗျာ… Transportation အတွက် လုံးဝ လုံးဝကို စိတ်ရှုပ်စရာမလိုတော့ဘူးပေါ့ဗျ…

ကိုယ်တွေရဲ့ကားဆရာတွေကတော့ နာမည်ကြီးဘုရားတွေကို အစုံဖူးရလေအောင်တော့ လိုက်ပို့ပေးပါတယ်ဗျ.. ဒါပေမယ့် ဒီ့ထက်စုံချင်တယ်ဆိုရင်တော့ အကြံပေးချင်တာက ဟိုတယ်ကပုဂံမြေပုံကိုတောင်း ကားဆရာကို သွားချင်တဲ့ဘုရားတွေ လက်ညှိုးညွှန်ပြီးသာ ပို့ခိုင်းလိုက်ဗျနော်… ကားလေးနဲ့ဆိုတော့ နေမပူလေမတိုးလေတော့ သွားချင်တဲ့နေရာတွေဆီ မပင်ပန်းပဲရောက်နိုင်တာပေါ့ ခဏခဏတက်လိုက်ဆင်းလိုက် လုပ်ရတာလေးတော့ ရှိသပေါ့ဗျာ…

### ကျွန်တော်တို့ Apex Car Rental Service မှ ကားစင်းလုံးငှားရမ်းခများကိုလဲ August နဲ့ September လတွေမှာ အထူး Discount နှုန်းထားတွေနဲ့ဝန်ဆောင်မှုပေးမှာဖြစ်လို့ လူကြီးမင်းတို့ရဲ့ခရီးစဉ်အတွက် ကျွန်တော်တို့ ဆီ ဆက်သွယ်စုံစမ်းမေးမြန်းပေးဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်ခင်ဗျ… ဈေးလျော့ပေးထားလို့  ကားအမျိုးအစားညံ့မှာတို့ ဒရိုင်ဘာအဆင်မပြေဖြစ်မှာတို့ အတွက်လဲ မပူပါနဲ့ ခင်ဗျာ.. ကျွန်တော်တို့ ဒရိုင်ဘာတွေရဲ့ Driving Scale နဲ့ Customer Service အတွက် ကျွန်တော်တို့ အပြည့်အ၀တာဝန်ယူပါတယ်… ကားတွေကတော့ နိုင်ငံခြားသားတွေအတွက် အထူးရည်ရွယ်ထားတဲ့ Tour Grade Air Conditioned အမျိုးအစားတွေပဲဆိုတော့ အထူးပြောစရာလိုမယ်မထင်ပါဘူးခင်ဗျာ… လူကြီးမင်းတို့ ရဲ့ ခရီးစဉ်အတွက် စိတ်ချစွာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ…

Yangon-Bagan-Nyaung Oo-Popa-Yangon (2N 3D)
===============================
Hiace (Anzartone) (14 Seater) : Ks 530,000
Alphard (7 Seater) : Ks 480,000
Super Custom (7 Seater) : Ks 420,000
Crown Deluxe Saloon (4 Seater) : Ks 430,000
Golden Fish Mark II (4 Seater) : Ks 400,000
Hyundai County (19-24 Seater) : Ks 660,000
Hino Lieese (22 Seater) (tour grade) : Ks 750,000
33 Seater (tour grade) : Ks 800,000
45 Seater (tour grade) : Ks 1,200,000

အထက်ပါဈေးနှုန်းများသည် ဆီ+Driver+လမ်းကြေး အပြီးအစီးဈေးနှုန်းများ ဖြစ်ပါသည်။ Driver အတွက် နေ၊ စား ကိစ္စများ စီစဉ်ပေးရန် မလိုအပ်ပါ။ (ခရီးသွားရာသီချိန်နှင့်ကားအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။) ဒီဈေးနှုန်းတွေကတော့ ပုံမှန်ဈေးနှုန်းတွေပါဗျ… Discount rate အတွက်ကိုတော့ ဆက်သွယ်မေးမြန်းပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ…

လူကြီးမင်းတို့၏ အချိန်ပေးဖတ်ရှူမှူနှင့် LIKE & SHARE ပြုလုပ်ပေးခြင်းကို အထူးပင် ကျေးဇူးတင်ပါသည်။

*** Company, Hotel, Bank များအတွက် Ferry Car (၀န်ထမ်းကြို/ပို့ ) ၀န်ဆောင်မှုများကိုလည်း အသက်သာဆုံးနှုန်းထားများဖြင့် ငှားရမ်းသူစိတ်တိုင်းကျညှိနှိုင်း ဆောင်ရွက်ပေးနေပါသည်။***

Apex Car Rental Service
Contact : 095251550, 09450064909, 09423000427
Safe & Smart Way For You!!!
e-mail: apexcarrentalservice@gmail.com 

 


 

Leave a Reply

Your email address will not be published. Required fields are marked *