အေးချမ်းသာယာတဲ့မြို့လေးတွေဆီ အလည်သွားကြမလား

(apex car rental service)


💙 ချစ်တို့ရေ မင်္ဂလာပါ 💙

🌦 မိုးရာသီလဲကုန်တော့မယ်.. 🌤 ပွင့်လင်းရာသီလဲ ရောက်တော့မှာဆိုတော့ ဟိုတယ်ဘိုကင်တွေအရမ်းမကျပ်ခင်…. ကားခလေးတွေလဲ ဈေးမတက်ခင်လေး အေးချမ်းသာယာတဲ့မြို့လေးတွေဆီ အလည်သွားကြမလား… 🍁 ၀ါထွက်ရင်စီစဉ်စရာတွေများပြီး အလုပ်ရှုပ်တော့မယ့် ကိုကိုမမတွေအတွက် ဒီလိုအချိန်က ခရီးထွက်ဖို့ အကောင်းဆုံးပါ 💏… (မင်္ဂလာပွဲအတွက်အလုပ်မရှုပ်ခင် နှစ်ယောက်သားရင်းနှီးမှု၊ နားလည်မှုပိုရအောင်…. 👩‍💻 Company က အလုပ်တစ်ဖက်နှင့်ကိုကိုမမတို့လဲ နှစ်ဝက်ချုပ်စာရင်းတွေကြားထဲ ခေါင်းမမြှပ်ခင် စာရင်းလေးတွေ စိတ်ကြည်ကြည်လင်လင်ရှင်းနိုင်အောင် ဒီလိုအချိန်ဟာ အနားယူအပန်းဖြေဖို့ရာ အကောင်းဆုံးပဲနော့.. ) 🧚‍♀️🧚‍♂️😌

Show More

🏕 ရှမ်းပြည်ကတော့ တစ်ကယ့်ကိုသာယာတာ…. တောင်ပိုင်းကိုပဲလည်မလား မြောက်ပိုင်းကိုပဲသွားမလား စိမ်းစိုလှတဲ့ တောတောင်တွေနဲ့ဝန်းရံထားတဲ့နေရာတွေမို့ အပန်းဖြေဖို့ကောင်းသလို အချိန်ပေးနိုင်ရင်ပေးနိုင်သလောက်လဲ လည်စရာများတဲ့ နေရာလေးတွေမို့ တစ်နှစ်တာပင်ပန်းထားတဲ့ Stress တွေပြေနိုင်ပြီထင်ပါ့.. 🌹𗀍

ရှမ်းပြည်တောင်ပိုင်းမှာတော့ အေးချမ်းသာယာတဲ့မြို့လေးဖြစ်တဲ့ ကလော (Pineland ထင်းရူးမြေ 🌲🌲)… (Trekking ကြိုက်တဲ့သူတွေအတွက်လဲ ကလောမှာ Trekking လုပ်လို့ရသလို 🧗‍♀️🧗‍♂️Bicycle riding လဲလုပ်လို့ရသေးတယ်🚵🚵‍♀️..)၊ အချိန်ရရင် မိန်းမရဲသခင်မတောင်၊ တောကျယ်ရေတံခွန်၊ မြသပိတ်ရေပြာအိုင်၊ မြင်းမထိလှိုဏ်ဂူတွေအနှံ သွားလည်လို့ရသေးတယ်… ကလောရဲ့နှီးဘုရားကြီးကိုလဲ မမေ့မလျော့ဖူးခဲ့ဦးနော်… 🙇🙇‍♀️ကိုယ်တွေဆိုရောက်တဲ့အရပ်မှာ ကြာကြာလဲမနေနိုင် နေရာစုံအောင်လဲသွားလည်ချင်တဲ့ သူတွေဆိုတော့ ကိုယ့်လို Customer လေးတွေအတွက်လဲ သွားစရာနေရာတွေ ကျန်ခဲ့မှာစိုးလို့ပါ….

ကလောမှာလည် တစ်ညအိပ်ပြီးရင် ဘယ်ကိုသွားကြမလဲ?…

ကလောကအထွက် ပင်းတယလှိုဏ်ဂူကဘုရားတွေဖူးပြီး တောင်ကြီးအရင်တက်မလား?…. အင်းလေးအရင်သွားမလား?… ဘယ်ပဲသွားသွားရောက်ရာအရပ်မှာ တစ်ညတော့ အိပ်ပြီးလည်မှစုံမှာမို့ ကြိုက်တဲ့အရပ်ကိုသာ အရင်သွားပေတော့.. 𗀃𗀠

တောင်ကြီးမှာက သွားစရာ စူဠာမုနိဘုရား၊ ထမ့်စမ်းဂူရှိမယ်၊ မွေတော်ကက္ကူဘုရား၊ တောင်ပေါ်ဘုရားရှိမယ်၊ တောင်ကြီးမြို့မဈေးရှိမယ်… ဈေးကြီးက အစားအသောက်တွေလဲ စုံသလို ပစ္စည်းတွေကလဲ Quality ကောင်းပြီး ဈေးသက်သာလို့ Shopping ထွက်ခဲ့ဖို့တော့မမေ့နဲ့နော်.. တောင်ကြီးမှာက လည်စရာသိပ်မရှိပေမယ့် ထမ့်စမ်းဂူက သွားရတာဝေးလို့ အချိန်ပေးရတာမို့ တစ်ညအိပ်ရတာပါ….

နောက်တစ်နေ့ တောင်ကြီးကပြန်ဆင်း ညောင်ရွှေဘက်ကနေ အင်းလေးကိုဆင်းမလား?.. ခေါင်တိုင်ဘက်ကနေ အင်းလေးကိုဆင်းမလား? 𗀴

ညောင်ရွှေဘက်က သွားမယ်ဆိုရင်တော့ ညောင်ရွှေနားမှာလည်စရာ နောက်ထပ် အင်းသုံးအင်းရှိတယ် Admin တော့မရောက်ဖူးသေးလို့ ဒီနှစ်သွားကြည့်လိုက်ဦးမယ် ပြီးမှပြန်ပြောပြမယ်နော်.. အင်းသုံးအင်းနာမည်က အင်းလေး၊ စကားအင်းနဲ့ ဖယ်ခုံအင်းတို့ပါ.. သူများတွေဖယ်ခုံအင်းသွားထားတဲ့ ပုံလေးတွေမှာတော့ နေရာလေးက အရမ်းသာယာတာမို့ အချိန်ရရင် သွားကြည့်ဖို့တိုက်တွန်းပါတယ်နော်.. 𗀡

ခေါင်တိုင်ဘက်ကသွားမယ်ဆိုရင်တော့ ခေါင်တိုင်ရေပူစမ်းမှာ အပန်းဖြေရေချိုး ထမင်းစားလို့ရပါတယ်…🏖 🛶အင်းထဲရောက်ပြီဆိုရင်တာ့ ထီး၊ မျက်မှန်၊ ပုဝါ၊ ဦးထုပ်တွေနဲ့ အသားမပေါ်အောင်ကာထားပေတော့ နေနဲ့ရေနဲ့လေနဲ့ကြားမှာ မျက်မှန်ရာအကွင်းလိုက်ကလေး ဖြူကျန်ခဲ့တဲ့ ကိုယ့်အဖြစ်လိုမဖြစ်ရလေအောင်ပါ👓👒🧣🎒.. အင်းလေးမှာ ဘယ်တွေသွားကြမလဲ အဓိကကတော့ တန်ခိုးကြီး အင်းလေးဖောင်တော်ဦးစေတီတော်၊ ငွေထည်ဆိုင်၊ ယက်ကန်းစင်၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်သိုင်းကျောင်း (ကြောင်ခုန်ကျောင်း) တို့ သွားလို့ရပါတယ်… အင်းလေးကို လည်လို့ဝသွားပြီး အချိန်တွေလဲပိုနေတယ်ဆိုရင်တော့ ဟဲဟိုးအကျော်မှာရှိတဲ့ ဘ၀သံသရာတံတားကို ၀င်လည်လို့ရသေးတယ်နော်🚇🛤… အချိန်ဘယ်နှစ်ရက်ကုန်မလဲခန့်မှန်းချင်တဲ့ချစ်တို့အတွက်ကတော့ ရှမ်းပြည်တောင်ပိုင်း အစုံလည်မယ်ဆို အနည်းဆုံး ၄ ရက်တော့ အချိန်ပေးရမှာပါ.. ၃ ရက်ပဲအချိန်သုံးချင်တာဆိုရင်တော့ တစ်ချို့နေရာလေးတွေချန်ထားခဲ့မှ ရမှာပါ နို့မို့ အရမ်းပင်ပန်းနေမှာစိုးလို့ပါ.. အပန်းဖြေခရီးဆိုတာ သက်တောင့်သက်သာဖြစ်မှ ပျော်စရာကောင်းတာမလား…𗀤

ဒီခရီးစဉ်လေးကတော့ စိတ်ကြည်နူးပြီး ပျော်ရွှင်ဖို့ကောင်းစေရမယ်လို့ အာမခံပါတယ် 🤓… ကဲ အဲတော့ သွားရမယ့်နေရာတွေလဲ ပြောပြပြီးပြီဆိုတော့ ချစ်တို့ သဲတို့က ဘယ်လိုပုံစံနဲ့သွားချင်လဲကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်…𗀔

Admin တို့ရဲ့ Apex Car Rental Service လေးနဲ့ ဇိမ်ကျကျသွားချင်တယ်ဆိုရင်တော့ ဆီဈေးတွေဘယ်လောက်တက်တက် ဒေါ်လာဈေးတွေဘယ်လောက်အော်ပျံအော်ပျံ ကိုယ်တွေကတော့ မျက်ရည်တွေ ဗူးသီးလုံးလောက်ကျပြီး မျက်နှာလေးဇီးရွက်လောက်ဖြစ်နေရင်တောင် ကိုယ့် Customer တွေအဆင်ပြေအောင် ဈေးတွေအော်ပျံမတောင်းပါဘူးနော်😅… အရမ်းအဆင်ပြေစေမယ့် ဈေးနှုန်းလေးတွေနဲ့ ၀န်ဆောင်မှုပေးနေတာမို့ အခါအခွင့်ကြုံမယ်ဆို သတိရပေးပါနော်… ချစ်သော Customer တွေအတွက် အကောင်းဆုံးသော ၀န်ဆောင်မှု၊ အကောင်းဆုံးသော ယာဉ်မောင်းတွေနဲ့ Service ပေးဖို့ အသင့်စောင့်နေပါတယ်နော်… 😘

𗀘 ချစ်တို့ ဘယ်လိုကားလိုချင်လဲပြော ၄ ယောက်စီးကနေ ၄၅ ယောက်စီးအထိ အပြင် VIP ချစ်တို့ အတွက် Hiace VIP (10 seater) ကားတွေလဲရှိတာမို့ ကြိုက်တဲ့ကားကို စိတ်တိုင်းကျစီစဉ်ပေးမှာပါနော်… နောက်ပြီး Apex က Car Rental Service ပဲဆိုပေမယ့်လဲ Trip Plan မရှိသေးတဲ့သူတွေအတွက်ကိုလဲ Suggestion ပေးပေးတာမို့ အသေးစိတ်သိရှိစုံစမ်းချင်တယ် ဆိုရင်တော့ ဖုန်းလေးသာဆက်လိုက်ပါနော်… 𗀘

Apex Car Rental Service (Forever Apex Co.,Ltd)
“ Safe & Smart Way for You”
📱 09-765251550, 09450064909, 095251550
🏡 B-1, Room (702), Aung Zeya Complex,
Corner of Ahlone Street & Strand Road,
Ahlone Township, Yangon.
Website: www.apexcarrentalservice.com
📬 E-mail: apexcarrentalservice@gmail.com


 

Leave a Reply

Your email address will not be published. Required fields are marked *