အာဆီယံမြို့ပြခရီးစဉ်ဆု ရထားသော ဘားအံမြို့

(apex car rental service)


🏆အာဆီယံမြို့ပြခရီးစဉ်ဆု 🏆 ရထားသော နေရာသို့ အလည်တစ်ခေါက်… 🤓

💁လည်လည်သွားပြီးအကျေနပ်ကြီး ကျေနပ်ခဲ့ရတဲ့ နေရာလေးကို Review လေးရေးပြီး ကြော်ငြာပေးချင်လို့ အားပေးကြမှာလားချစ်တို့… ✍️ 😍

ဒီမြို့လေးကို ရန်ကုန်ကသူတွေတော်တော်များများ ရောက်ဖူးကြပြီးသား ဖြစ်မှာပါ ဒါပေမယ့် Admin ပြောမယ့် ဒီနေရာလေးတွေကို သင်တကယ်စိတ်အေးလက်အေး လည်ခဲ့ပြီးတာ သေချာရဲ့လား 🤷‍♀️𗀥?

Show More

💁 လှေလေးစီးပြီး သဘာဝအလှတွေကို ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရင်း သဘာဝလှိုင်ဂူတွေကို လေ့လာလို့ရတယ်… 🛶🛶🕵️‍♀️

💁 ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Adventures နေရာတွေကို ကျော်ဖြတ်ပြီး ရင်သပ်ရှုမောစိတ်ကျေနပ်စေမယ့်အရာတွေဆီ… 🏞

💁 Jet ski လဲစီးလို့ရသလို ရှုပ်ပြေး Boat တွေစီးရင်း အတွေ့အကြုံသစ်နဲ့ ရင်ခုန်စေမယ့်နေရာ… 🏄‍♀️

💁 တဝေါဝေါရေစီးသံတွေနဲ့အတူ သာယာတဲ့ရှုခင်း ချစ်စရာကောင်းတဲ့လိပ်ပြာလေးတွေနဲ့ ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာ.. 🏖🤳

💁 အပျင်းပြေ Cable ရထားလေးစီးပြီး ဘုရားဖူးလို့ရတဲ့နေရာ 🎡… ဒီနေရာတွေကို သင်တကယ်စုံအောင် ရောက်ဖူးပြီးပြီလား?…

🏆အာဆီယံမြို့ပြခရီးစဉ်ဆု 🏆 တောင် ရထားတဲ့ဒီနေရာကို သင်အချိန်ပေးပြီး သေချာလည်ပတ်နိုင်ခဲ့ရင် အဲဒီ့နေရာလေးကတောင် သင်ပြန်ချင်တော့မှာမဟုတ်တော့ဘူး…🙆 🤩😇

ဒီမြို့လေးကတော့ ကရင်ပြည်နယ် ဘားအံမြို့လေးပါ… တော်တော်များများလဲ ရောက်ဖူးကြပါလိမ့်မယ် ဒါမယ့် တစ်ရက်ခရီးစဉ်တွေနဲ့သာ အသွားများကြတာဖြစ်လို့ အချိန်သိပ်မပေးနိုင်ကြသလို သေချာစုံအောင်လည်ပတ်နိုင်ခဲ့မှာ မဟုတ်ဘူးထင်ပါတယ်… Admin တို့တွေ (၁ ညအိပ် ၂ ရက်) ခရီး သွားခဲ့တာတောင် လည်လို့မဝခဲ့သေးဘူးရယ် တစ်ချို့နေရာတွေတောင် အချိန်မရတော့လို့ မဝင်ခဲ့ရဘူး…😔

ဘားအံမှာလည်စရာတွေ တော်တော်များပါတယ် ဘုရားတွေလဲ တော်တော်စုံစုံလင်လင်ဖူးရသလို ဖူးလိုက်ရတိုင်းလဲ စိတ်ကျေနပ်မှု တစ်စုံတစ်ရာဖြစ်စေတဲ့နေရာလေးပါ😌 … ခရီးဆုံးအထိရောက်အောင်ဖူးခဲ့ဖို့တော့ လိုပါတယ် ဂူတွေထဲမှာ တည်ထားတဲ့ဘုရားတွေမို့ သွားလာရတာ သိပ်မလွယ်ကူပါဘူး… ဒူးမကောင်းတဲ့သူတွေ Adventure မကြိုက်တဲ့သူတွေအဖို့တော့ ဂူအဆုံးထိ သွားဖူးဖို့ရာ သိပ်အဆင်မပြေနိုင်ပါဘူး ဒါမယ့် တကယ့်အလှတွေက ဂူတွေထဲ ဖြတ်သွားရင်းတွေ့နိုင်သလို ဂူအဆုံးရောက်ရင် အမောပြေစေတဲ့အထိ ရှိနေတာဆိုတော့ တတ်နိုင်သလောက်တော့ အားမလျော့ပဲ ခရီးဆုံးထိ ရောက်အောင်သွားဖူးကြစေချင်ပါတယ်…

☝️👆(၁ ညအိပ် ၂ ရက်) ခရီးမှာ ဘားအံက ရောက်ခဲ့တဲ့နေရာတွေ…✍️🤠

 ကော့ဂွန်းဂူ 
ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များနဲ့ ကော့ဂွန်းဂူရဲ့ အနုပညာမြောက်တဲ့ တောင်နံရံကပျူခေတ်နံရံအုပ်ခွက်ဘုရားလက်ရာတွေက သပ္ပါယ်စရာကောင်းလွန်းပါတယ်… မျောက်လေးတွေ အစာကျွေးလို့ရသလို စိတ်ပါရင် တောင်ထိပ်ကိုတပ်တဲ့လှေကားရှိလို့ ဘားအံအလှကို တောင်ပေါ်တက်ကြည့်လို့ရသေးတယ်ရှင့်… 𗀤 ကော့ဂွန်းနဲ့ ရသေ့ပျံဂူက သိပ်မဝေးတော့ တခါတည်းဖူးလိုက်ရင် အချိန်ကုန်သက်သာပါတယ်…

 ရသေ့ပျံဂူ 
ရသေ့ပျံဂူကတော့ ဘားအံမှာ Admin အကြိုက်ဆုံးနေရာလေးပါ… ဂူထဲဝင်ဘုရားဖူးပြီးရင် ဂူထဲဖောက်ထားတဲ့ လမ်းလေးအတိုင်းသာ လျှောက်ခဲ့ ၁၅ မိနစ်လောက်တော့ လျှောက်ရလိမ့်မယ် ဆင်းလိုက်တက်လိုက် သွားရတာမို့ နည်းနည်းပင်ပန်းပေမယ့် အထွက်ဘက် အပေါက်ရောက်ရင်တော့ ရူခင်းတွေကြောင့် အမောပြေသွားမယ်လို့ အာမခံတယ်နော်… ရူခင်းတွေတွေ့လို့ ကျေနပ်ပြီး မရပ်ပလိုက်နဲ့ဦး တံတားနီလေးရှိသေးတယ် အသည်းတယားယားနဲ့ဆက်လျှောက်ခဲ့လိုက်ဦး (သတိတော့ထားလျှောက်နော် ရေစပ်စပ်နဲ့ချော်လဲမှာစိုးလို့) အဆုံးမှာ သပ္ပါယ်စရာတည်ထားတဲ့ ဘုရားဆင်းတုတော်နဲ့ အရမ်းလှတဲ့ ရူခင်းတွေထပ်တွေ့ရဦးမှာ…

🤩 ရသေ့ပျံဂူမှာ ကရင်ကြီးတွေနောက်ထပ်လုပ်ထားတဲ့ ဆွဲဆောင်မှုလေးတစ်ခုထပ်ရှိသေးတယ်… 🛶 လှေကလေးစီးပြီး သဘာဝကျောက်လှိုင်ဂူတွေထဲ ဝင်လေ့လာလို့ရတယ် လှေတစ်စီးကို ၅၀၀ဝိ/- (၅) ယောက်စီးလို့ရပြီး နာရီဝက်အချိန်ပေးနိုင်မယ်ဆိုရင် စမ်းကြည့်သင့်ပါတယ် ကရင်ဦးလေးကြီးတွေ ကိုယ်တိုင်လှော်ပြီး လိုက်ပို့ပေးတာမို့လို့ တောတောင်တွေကြား လှေလေးစီး ဂူထဲဝင်တိတ်တိတ်ဆိတ်ဆိတ်နဲ့သဘာဝအလှကိုခံစား မှောင်နေတဲ့ဂူကြီးထဲ ဓါတ်မီးလေးထိုးပြီး ကျောက်စက်ပန်းဆွဲတွေကိုလေ့လာ တစ်ကယ့် feel ပဲ လှေပေါ်ကနေတောင်ပြန်မဆင်းချင်တော့ဘူး… 😊

 ဘုရင့်ညီဂူ 
ဘုရင့်ညီဂူကတော့ ဘားအံအဝင်စနေရာမှာရှိတော့ အသွားမှာပဲအရင်ဖူးဖူး အပြန်ကျမှပဲ နောက်ဆုံးဝင်ဖူးဖူးအဆင်ပြေပါတယ်… ဘုရင့်ညီဂူမှာတော့ သဘာဝရေပူစမ်းရှိတယ် ယောက်ကျားလေးတစ်ကန် မိန်းကလေးတစ်ကန်လုပ်ပေးထားတာမို့ ဝါသနာပါရင် ဝင်စိမ်လို့ရတယ်ရှင့်… Admin ကတော့ လူအုပ်ကိုကြည့်ပြီး ရှိန်သွားလို့ ဝင်မစိမ်ဖြစ်ခဲ့ဘူး… တောင်ပေါ်ကိုတက်ပြီး ဂူထဲဝင်ဖူးရတဲ့ဘုရားမို့ တောင်ပေါ်ကမြင်ရတဲ့ ဘားအံရဲ့ နောက်ရှုထောင့်တစ်ခုက လှနေပြန်ရော…

 ကော့ကသောင်ဂူ 
သင်္ဃာငားရာဆွမ်းခံကြွချီလာတဲ့ပုံ ထုဆစ်ထားတာတွေက အသက်ဝင်လွန်းပြီး အလွန်သပ္ပါယ်ဖို့ကောင်းပါတယ်… ကော့ကသောင်ဂူကိုရှေ့ဆက်သွားလိုက်ရင် စိတ်ပါရင် ရေဆင်းကူးလို့ရတဲ့ စိတ္တသုခရေကူးကန်လဲ ရှိသေးတယ်နော် 𗀞

 ဆန္ဒန်ဂူ 
ဘားအံရောက်ရင် မသွားမဖြစ်သွားကြတဲ့ ဂူ(၅) ဂူထဲက ဂူတစ်ဂူပါ ကျောက်စက်ပန်းဆွဲတွေကြောင့် ထင်ရှားတဲနေရာတစ်ခုဖြစ်သလို အသွားကို ခြေလျင်သွားရပြီး အပြန်မှာတော့ လှေဆိပ်ကနေလှေလေးစီးပြီး ပြန်လာလို့ရလို့ ရသနှစ်မျိုးတစ်ပြိုင်တည်းခံစားလို့ရတာပေါ့…

 ရွှေရင်မျှော်ဘုရား 
နဂါးနဲ့ဖားကြီးရှိတဲ့ဘုရားလို့ လူသိများပါတယ်… သံလွင်မြစ်ကမ်းနံဘေးမှာတည်ထားတဲ့အတွက် ရင်ပြင်တော်ပေါ်ကနေကြည့်ရင် မြစ်အလှနဲ့ ဖားပုတောင်ဘက်ကိုမြင်ရပါတယ် ကိုယ်တွေဘုရားရောက်သွားတာ မိုးချုပ်သွားလို့ အဲဒီ့အလှကိုတော့ သေချာမကြည့်ခဲ့ရဘူး.. ☹️

 ကျောက်ကလပ်စေတီတော် 
ဘားအံလို့ပြောလိုက်တာနဲ့ မျက်လုံးထဲပြေးမြင်မိမယ့် နေရာလေးပေါ့ ကျောက်တုံးတွေထပ်ထားတဲ့ပေါ်မှာတည်ထားပြီး ရေတွေပတ်လည်ဝန်းရံထားလို့ သပ္ပါယ်စရာကောင်းတဲ့ ကျောက်ကလပ်စေတီတော်ပါ…သာမညတောင်ဆရာတော်ဘုရားကြီးရဲ့ ပထမဆုံးအောင်မြေလည်းဖြစ်ပါတယ်… ကျောက်ကလပ်စေတီနားမှာတည်ထားတဲ့ ဘုရားကျောင်းဆောင်ကြီးကလည်း သပ္ပါယ်စရာကောင်းသလို စတုဒိသာလည်းကျွေးတယ်… ဘယ်လိုရက်မှာကျွေးတာလဲတော့ မပြောတတ်ဘူး ကိုယ်တွေသွားတုန်းကတော့ သတ်သတ်လွတ်စတုဒိသာမှာ လူတွေစည်ကားနေရောပဲ.. 😋

 ဇွဲကပင်တောင်နှင့် လုမ္ပနီဥယျာဉ် 
ဇွဲကပင်တောင်ခြေမှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွါးတော် (၁၀၀၀) တည်ရှိရာ လုမ္ပနီဥယျာဉ်က ကြည်ညိုဖွယ်ကောင်းသလို နောင်အမြဲတည်တန့်နေစေဖို့ ဆက်လက်ထိန်းသိမ်းသင့်တဲ့နေရာပါ 🙇🙇‍♀️… ဇွဲကပင်တောင်ခြေမှာ အပျင်းပြေ Cable Car လဲ စီးလို့ရသေးတယ် တစ်ယောက်မှ စီးခ (၁၀၀၀) တည်းရယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော့ 😊… တောင်ပေါ်ထိတက်လို့ရအောင်လဲ Cable Car Project လုပ်နေပြီဆိုတော့ နောက်ဆိုခြေထောက်မညောင်းတော့ဘူးပေါ့.. ဇွဲကပင်တောင်ပေါ်ခြေလျင်တက်မယ်ဆိုရင်တော့ အတက်အဆင်းကို (၃ နာရီ) လောက်အချိန်ပေးရမယ်ရှင့်…

 ကျုံထော်ရေတံခွန် 
ဘားအံရဲ့နာမည်ကြီးနေရာတစ်ခုပါ… သွားရတာဝေးလို့အချိန်ပေးရသလို ရောက်ရင်ကျေနပ်ပြီး ပျော်သွားစေမှာပါ.. ရေဆော့လို့ကောင်းသလို ဓါတ်ဖမ်းလို့လဲကောင်းတာသိပြီးဖြစ်ကြမှာပါ.. ဘားအံမြို့ကနေအသွားအပြန် နေ့တစ်ဝက်လောက်အချိန်ကုန်ပါတယ် လမ်းနည်းနည်းကြမ်းလို့ မောင်းချိန်ကတော့ အသွား ၁ နာရီခွဲ အပြန် ၁ နာရီခွဲ လောက်အချိန်ပေးရပါတယ်… အချိန်ပေးပြီးလည်နိုင်မှသွားသင့်တယ်လို့အကြံပေးချင်ပါတယ်…

 ချစ်သူ့မြိုင် 
ဘားအံရဲ့နောက်ထပ်နာမည်ကြီး နေရာတစ်ခုပါ…👍 ဝင်ပြီးရင် ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်တဲ့နေရာမလို့ အချိန်တော်တော်ပေးနိုင်မှ သွားရတာတန်မှာပါ အချိန်လဲပေးသင့်ပါတယ် Jet Ski လေးစီး ရှပ်ပြေး Boat လေးစီး Game City မှာ Game ဝင်ဆော့ ပန်းတွေကြားထဲ ဓါတ်ပုံရိုက် စိတ်ပါရင်သေနတ်ပစ်တမ်းတောင်ဆော့လို့ရသေးတယ် ပြောရရင် ရန်ကုန်က ပြည်သူ့ရင်ပြင်နဲ့တောင် အကွာကြီးကွာပြီး အပန်းဖြေဖို့ရွေးချယ်စရာများတဲ့နေရာလေးပါ… ရူခင်းတွေလဲလှသလို Jet Ski တစ်ခါစီး တစ်ယောက် (၅၀၀၀)ကျပ်နဲ့ လေးပတ်တောင် တစ်မုန်းပတ်ပေးသေးတာ (စီးတဲ့သူတွေမူးနေရောပဲ 😂) အရမ်းတန်ပါတယ်နော် … စားသောက်ဆိုင်လေးကလဲ ချစ်ဖို့ကောင်းသလို အရသာလဲရှိ ဈေးလဲတန်လို့ နေ့လည်စာ (သို့) ညစာစားဖို့ ရွေးချယ်သင့်တဲ့နေရာလေးလို့ အကြံပေးပါတယ်နော်… 👍

ဒီနေရာတွေအပြင် ဘားအံမှာလည်စရာနေရာတွေကျန်ပါသေးတယ် ကိုယ်တွေက (၂) ရက်ပဲအချိန်ပေးနိုင်လို့ ဒီလောက်ပဲရောက်ခဲ့ရတာ…
 ဘားအံရဲ့နာမည်ကြီး တောင်ဝိုင်းတောင်
 လက္ခဏရွာ
 တလခုံရွာ လည်စရာတွေကျန်သေးတယ်နော်…

🏩 ဘားအံက ဟိုတယ်တွေ 🏩
💁 ဘားအံဟိုတယ်အများစုက Early Check-in မပေးပါဘူး… Early Check-in ဝင်ချင်ရင် နေ့တစ်ဝက်စာပေးရပါတယ်…

👉 Hotel Zwekabin နဲ့ Thiri Hotel တွေကတော့ တောင်ကြီးကို နောက်ခံထားပြီးဆောက်ထားတာမို့ View ကတော့ရှယ်ပါ… 👍

👉 Keinnara Hpa-an Resort ကတော့ ဘားအံမှာဈေးအကြီးဆုံးနဲ့ ရှယ် Review တွေနဲ့ နာမည်ကြီးတဲ့ဟိုတယ်ပါ… Sky Dome လေးက တည်းချင်စရာလေးပေးမယ့် ကိုယ်တွေကတော့ မတည်းနိုင်သေးဘူးရယ် 😔.. လျှောက်သွားပြီးလည်ချင်တာဆိုတော့ ဟိုတယ်မှာပဲမနေနိုင်တော့ မတန်ဘူးလေနော့..😜 (ရသေ့စိတ်ဖြေအတွေး 😂 )

👉 မြို့ထဲမှာတည်းချင်တဲ့သူတွေအတွက်ကတော့ Hotel Gabana, Hotel Glory, Hotel United တို့ရှိပါတယ်…

👉 ကိုယ်တွေကတော့ Promotion လဲရှိ Early Check-in လဲရ ရေကူးကန်လဲရှိတဲ့ Hpa-an Breeze Hotel ကိုရွေးဖြစ်တယ် Landscaping နဲ့မနက်စာလေးကလွဲလို့ ကျန်တာအဆင်ပြေတဲ့ဟိုတယ်လေးပါ…👍 ကျုံထော်သွားတဲ့လမ်းဘက်မှာရှိပြီး ဘန်ဂလိုလေးတွေနဲ့ အခန်းကလဲကျယ်ပါတယ် ရေပူရေအေးလဲရပြီး ရေကူးကန်က Jacuzzi တောင်ပါသေး…(၂) ယောက်ခန်းတစ်ခန်းကို Ks 40,000 ပဲကျတယ် Promotion ရှိလို့… 🤓🤗

လည်စရာတွေများတဲ့ ကရင်ပြည်နယ်ကို နေ့ချင်းပြန်ခရီးလေးပဲသွားပြီး ကျေနပ်မနေပါနဲ့ဦး လည်စရာနေရာတွေကျန်နေဦးမှာဆိုတော့ အချိန်လေးပေးပြီးသေချာသွားကြည့်ပါဦးလို့ Admin တိုက်တွန်းပါတယ်နော်…

လည်လည်သွားရင် Admin တို့ဆီက ကားလေးတွေ ကားကြီးတွေသုံးလို့ရတယ်ဆိုတာမေ့ရဘူးနော် 😜… ကားနဲ့ပတ်သက်တဲ့စရိတ်အပြီးအစီးတွေနဲ့ ကားခလေးတွေဖော်ပြပေးလိုက်မယ်နော်

ဘားအံ (၁ ညအိပ် ၂ ရက်) ခရီးစဉ်အတွက်ပါ… (ကျုံထော်ရေတံခွန်ဘက်သွားတာမပါပါဘူး)
💰 45 seater (Tour Grade) : Ks 800,000
💰 33 seater (Tour Grade) : Ks 650,000
💰 29 seater (Tour Grade) : Ks 600,000
💰 14 seater Hiace Commuter: Ks 350,000
💰 10 seater VIP seat Hiace Commuter: Ks 380,000
💰 6-7 seater Alphard : Ks 350,000
💰 7 seater Super Custom: Ks 290,000
💰 3 seater Crown Deluxe Saloon: Ks 300,000
💰 3 seater Mark II Golden Fish: Ks 280,000
💰 3 seater Belta Eco Saloon: Ks 250,000

ကား ဆီ ဒရိုင်ဘာ (နေစရိတ်၊ စားစရိတ်ပါအပြီး) လမ်းတံတားကြေးအပြီးအစီးဈေးနှုန်းတွေပါရှင့်… ပိတ်ရက်ဆက်ရှည်တဲ့ ရက်ကြပ်တွေမှာတော့ ဈေးအပြောင်းအလဲရှိပါတယ်ရှင့်.. ဟိုတယ် Booking Service လဲ ဝန်ဆောင်မှုပေးလို့ One Stop ပြီးချင်သော လူကြီးမင်းများ ဖုန်းလေးသာဆက်လိုက်ပါနော် ထိုင်ရကထစရာမလိုပဲ ခရီးသွားဖို့ကားလေး သင့်ဆီရောက်လာမှာပါနော်…

😇 Apex နဲ့သာဆိုရင် 😇

👉 သီးသန့်လဲဖြစ်မယ်… 👨‍👩‍👧‍👦👬👫👭

👉 ကိုယ့်Trip Plan … ကိုယ့် Schedule နဲ့ကိုယ်… ကိုယ့်စိတ်ကြိုက် လည်ပတ်လို့ရမယ်… 🤴👰

👉 ဘယ်အချိန်ဘယ်အရောက်သွားရမှာတို့ ဘယ်အချိန်ဘယ်အရောက်ထမင်းစားနားရမှာတို့ ဘယ်ဘုရားပဲပို့ပေးမှာတို့ဆိုတဲ့ ကန့်သတ်ချက်တွေမရှိပဲ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ခရီးထွက်ခြင်းအနုပညာနဲ့ အရသာ ကိုအပြည့်အဝခံစားကြမယ်… 🧘‍♀️🧘‍♂️🚵🧗‍♀️🚣

👉 ဘယ် Hotel တည်းရမလဲ? အခန်းမှရပါ့မလား? Hotel Booking တင်ရမှာ! Payment တွေသွားချေပေးရမှာ ပျင်းတယ်… မပူပါနဲ့ ချစ်တို့ကို ကူညီပေးမယ့် Apex ရှိပါတယ်… စိတ်ချလက်ချသာ ခရီးသွားဖို့ပြင်လိုက်ပါနော်…

Apex Car Rental Service
(Forever Apex Travel & Tour Co., Ltd)
👉“ Safe & Smart Way for You”👈
Phone: 📱09-765251550, 09450064909, 095251550
📝 B-1, Room (702), Aung Zeya Complex,
Corner of Ahlone Street & Strand Road,
Ahlone Township, Yangon.
Website: 💻 www.apexcarrentalservice.com
E-mail: 📮 apexcarrentalservice@gmail.com


 

Leave a Reply

Your email address will not be published. Required fields are marked *